Map Graph

ဆွစ်ဇာလန်နိုင်ငံ

ဆွစ်ဇာလန်နိုင်ငံသည် ဥရောပတိုက်၏ အလယ်ဗဟိုတွင် တောင်များပတ်လည်ဝိုင်း လျက်တည်ရှိသော သမ္မတနိုင်ငံဖြစ်သည်။ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဩစတြီးယား စသော နိုင်ငံကြီးများသည် ဆွစ်ဇာလန်နိုင်ငံကို လေးဘက်လေးတန်မှ ခြံရံလျက်ရှိသည်။ သို့သော် နိုင်ငံကြီးများသည် သူတို့၏ ကိုယ်ကျိုးအတွက် ထောက်မျှော်လျက်၊ ဤနိုင်ငံကို စစ်ရေးစစ်ရာနှင့် စပ်လျဉ်း၍အစဉ်ထာဝရ ကြားနေနိုင်ငံ ဟု အသိအမှတ်ပြုခဲ့ကြသည်။ ဆွစ်ဇာလန်နိုင်ငံမှာ အကြမ်းအားဖြင့် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန်ရှိ၏။ တိုင်းပြည်၏ ၃ ပုံ ၂ ပုံမှာ အဲ့လပတောင်ကုန်းအဲ့လပတောင်တန်း ဒေသဖြစ်သည်။

Read article
ဖိုင်:Flag_of_Switzerland.svgဖိုင်:Coat_of_arms_of_Switzerland.svgဖိုင်:Europe-Switzerland.svg