Map Graph

ဆွမ်ပရာဘွမ်မြို့

ဆွမ်ပရာဘွမ်မြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့ အကြားတွင် တည်ရှိသည်။ မြစ်ကြီးနားမှ မြောက်ဘက် မိုင် ၈ဝ ခန့်ကွာဝေးသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် လွတ်လပ်ရေးကိုခုံမင်သော တောင်ပေါ်ကချင်လူမျိုးများက မကြာခဏ ဆူပူထကြွလေ့ရှိသဖြင့် နယ်ခြားတပ်ခွဲတစ်ခုထား၍၊ နယ်ခြားဝန်ထောက်တစ်ဦး အုပ်ချုပ်ခဲ့သော စစ်ဖက်မြို့ဖြစ်သည်။ အလွန်အေးချမ်းသည့်အပြင် သစ်တောကြီးများ ရှိခြင်းကြောင့် အဖျား အနာ ထူထပ်သည်။ စစ်တပ်မှတစ်ပါး ကချင်လူမျိုးများသာ နေထိုင်သောမြို့ ဖြစ်လေသည်။

Read article