Map Graph

ပခန်းကြီးကျောင်း

ပခန်းကြီးကျောင်း သည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခု ဖြစ်သည်။ ဦးဖိုးတုတ်နှင့် ဒေါ်ဖဲတို့က တည်ဆောက်ခဲ့သည့် သစ်သားကျောင်းတော်ကြီး ဖြစ်သည်။ ကျောင်းတော်ကြီးတွင် ကျွန်းတိုင်လုံးပေါင်း ၂၅၄ တိုင် ပါဝင်ပြီး တိုင်လုံးများ၏ အမြင့်သည်၅၀–၉၀ လက်မ ရှိကြသည်။ ကျောင်းတော်ကို ၁၉၉၂ ခုနှစ်တွင် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် မြန်မာအစိုးရသည် ကျောင်းတော်ကို အခြားသော ကုန်းဘောင်ခေတ်၏ စံပြကျောင်းတော်များနှင့်အတူ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရန် တင်ပြခဲ့သည်။

Read article