Map Graph

ပဲခူးရိုးမတောင်

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ တောင်တန်း

ပဲခူးရိုးမတောင်တန်း သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီမှ ၂ဝ ဒီဂရီ အတွင်း မြောက်မှ တောင်သို့ ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြားတွင် တည်ရှိသော တောင်တန်းဖြစ်သည်။ ပဲခူးရိုးမတောင်တန်းသည် မြောက်ဘက်စွန်း ပုပ္ပားတောင်မှ တောင်ဘက် သိင်္ဂုတ္တရကုန်းတော် အထိ ရှည်လျားသည်။ ယင်းတောင်တန်းသည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြား ရေဝေ ကုန်းတန်းကြီး ဖြစ်ပြီး ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့သည် ပဲခူးရိုးမတွင် မြစ်ဖျားခံသော မြစ်နှစ်စင်း ဖြစ်သည်။

Read article
ဖိုင်:17_gora_Popa_(3).JPGဖိုင်:Myanmar_relief_location_map.jpg