Map Graph

ဖားပြရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်

ဖားပြရွာ (အင်္ဂလိပ်: Hparpya)သည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားပြကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာတည်နေရာကုတ်မှာ ၁၇၀၈၁၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖားပြကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၃၉၁ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၈၀၉၂ ဦး နေထိုင်သည်။ ဘုရားငါးဆူမှသည် အနန်းကွင်းထိ ၃၂ မိုင်ရှည်သော မုဒုံ-ဘုရားငါးဆူ-တံခွန်တိုင်-ဖားပြ-အနန်းကွင်း ကားလမ်း ရှိသည်။ ဘုရားငါးဆူ-တံခွန်တိုင်-တောင်ဒီးဖားပြ-အနန်းကွင်းလမ်း တံတားအမှတ် (၁/၂) သည် ပေ ၅၀ ရှည် ကွန်ကရစ်အမျိုးအစား ကားလမ်း ဖြစ်သည်။ ကျေးလက်ကျန်းမာရေးဌာန ရှိသည်။ ဖါးပြတ်ဂူအတွင်း နံရံများတွင် ရှေးနှစ်ပေါင်း များစွာက ထုလုပ်ထားခဲ့သော ယိုးဒယားအနုပညာ ဆန်သည့် ဗုဒ္ဓရုပ်တုတော်များကို တွေ့ရှိနိုင်ပေသည်။

Read article