Map Graph

မင်းကွန်းပုထိုးတော်ကြီး

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ အဆောက်အဦ

ခရစ်နှစ် ၁၇၉၀ ပြည့်က သူ့နန်းဌာနသို့ အလည်ရောက်လာ စိနတိုင်း (တရုတ်ပြည်) ဘုရင် ကိုယ်စားလှယ်တော် တမန်အဖွဲ့က ပဏ္ဏာပါးသည့် ဗုဒ္ဓစွယ်တော် တစ်ဆူ ဌာပနာတော် မူရန် ကမ္ဘာ့အကြီးဆုံး ပုထိုးတစ်ဆူ တည်တော်မူရန် ဘိုးတော်ဘုရား ရည်သန်တော် မူခဲ့သည်။ ရည်ရွယ်ရင်းက သူမည်မျှ ဘုန်းတန်ခိုး အာနုဘော် တော်တော်တန်တန် မျှမဟုတ်ကြောင်း ပြသဖို့ ဖြစ်လေသည်။ ရွှေဘိုကနေ မြင်ရအောင် တည်တယ်ဆိုတဲ့ ပုထိုးတော်ကြီးကို ရခိုင်က ဖမ်းခေါ်လာတဲ့ သုံ့ပန်းတွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်ဘိုးတော်ဘုရားနန်းတက်ပြီး (၉)နှစ်အကြာ ခရစ်နှစ် ၁၇၉၀ ခုနှစ်တွင် မန္တရာကြီး သို့မဟုတ် မင်းကွန်းပုထိုးကြီးကို စတင် တည်ဆောက်တော်မူသည်။ ကိုယ်တိုင် ကြီးကြပ်တည်ဆောက်နိုင်ရန် အလို့ငှာ စံနန်းမှ ဧရာဝတီ မြစ်အတွင်း ကျွန်းတစ်ခုပေါ် ၁၇၉၇ခုနှစ် တိုင်အောင် ပြောင်းရွှေ့စံနေခဲ့သည်။ ထိုအချိန်တွင် ငွေကုန်လူပန်း နှင့် ပုထိုးတည်အလုပ် ကိုဆက်လုပ်ရန် ခက်ခဲလာတော့သည်။

Read article
ဖိုင်:Mingun_Pahtodawgyi_from_the_southeast.JPGဖိုင်:Myanmar_location_map.svg