မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ
မြန်မာနိုင်ငံရှိ ဓာတ်အားပေးစက်ရုံများမင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်းကားလမ်းအနီးတွင်တည်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဖြစ်သည်။ စီမံကိန်း ပထမ၊ ဒုတိယနှင့် တတိယအဆင့်များတွင် ၄၀ မဂ္ဂါဝပ်စီ၊ စတုတ္ထအဆင့်တွင် ၅၀ မဂ္ဂါဝပ်နှင့် အလုံးစုံပြီးမြောက်ပါက ၁၇၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်း စတင်ခဲ့ပြီး စီမံကိန်း၏ ပထမအဆင့်ကို ၂၀၁၈ခုနှစ် ဇွန်လ ၂၇ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ မန္တလေး-အမ်း မဟာဓာတ်အားလိုင်းဖြင့် စတင် အသုံးပြုခဲ့သည်။ တည်ဆောက်ခွင့်ရခဲ့သည့် ဂျီအီးပီမြန်မာ ကုမ္ပဏီမှ စီမံကိန်းအဆင့်၄ဆင့်ကို ၁နှစ်လျှင် ၁ဆင့် တည်ဆောက်သွားမည်ဖြစ်ကာ ၄နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်၍ ပြီးစီးပါက ၁၇၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
Read article