Map Graph

မန္တလေးနည်းပညာတက္ကသိုလ်

မြန်မာနိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ်တစ်ခု

မန္တလေးနည်းပညာတက္ကသိုလ် (MTU) သည် မန္တလေးစက်မှုတက္ကသိုလ် (MIT) အဖြစ် လူသိများခဲ့ပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၌ တည်ရှိသည်။ ၎င်းသည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များထဲမှ ထင်ရှားသော တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ်မှ အထက်မြန်မာပြည် ဘွဲ့ကြို၊ ဘွဲ့ရနှင့် ဘွဲ့လွန် ကျောင်းသားများအတွက် အင်ဂျင်နီယာ နည်းပညာရပ် အသီးသီးအား သင်ကြားမှုပုံစံ အမျိုးမျိုး ချမှတ် သင်ကြားနိုင်ရန် စီစဉ်ထားရှိသည်။ တက္ကသိုလ်မှ နှစ်စဉ်နှစ်တိုင်း သင်တန်းအပတ်စဉ် တစ်ခုစီအတွက် ကျောင်းသား ၃၀၀ ခန့် လက်ခံသင်ကြားပေးနေသည်။

Read article
ဖိုင်:Entrance_of_Mandalay_Technological_University.jpgဖိုင်:Main_building,_Mandalay_Technological_University.jpg