မိုင်းနောင်မြို့
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ မြို့မိုင်းနောင်မြို့ သည် ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ဘက်တွင်တည်ရှိသော မြို့ဖြစ်သည်။ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ပါဝင်သည့် မြို့ဖြစ်သည်။ နယ်နိမိတ်အား ဖြင့် အရှေ့ဘက်တွင် မိုင်းရှူးမြို့နယ်၊ တောင်ဘက်တွင် မိုးနဲမြို့နယ်၊ အနောက်ဘက်တွင် လဲချားမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့ဖြင့် ဝိုင်းပတ်လျက်ရှိသည်။ အကျယ်အဝန်းမှာ ၁၆၅၅ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၆ဝ၆ ရွာနှင့် လူဦးရေမှာ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေ ၄၂၉၉ဝ ယောက်ခန့် ရှိသည်။ ရှမ်းလူမျိုးမှာ အများစုဖြစ်၍ ယင်း၊ ပလောင်နှင့် အခြားတောင်တန်းသား လူမျိုးများလည်း နေထိုင်သည်။
Read article