မိုးညှင်းမြို့နယ်
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြို့နယ်မိုးညှင်းမြို့နယ် သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မိုးညှင်းမြို့နယ်တွင် မိုးညှင်းမြို့နှင့် ဟိုပင်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ မိုးညှင်းမြို့ဖြစ်သည်။ မိုးညှင်းမြို့နယ်မှ ကျောက်စိမ်း၊ ပယင်း၊ ရွှေ၊ နဂါးသွဲ့ကျောက် စသည်တို့ ထွက်ရှိသည်။ အင်းတော်ကြီး ဘေးမဲ့တောသည် မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ ဟိုပင်မြို့နယ်သည် မိုးညှင်းမြို့မှ ၃၅ ကီလိုမီတာ ကွာဝေးသည်။
Read article