Map Graph

မောင်နူ အစုအပြုံလိုက် သတ်ဖြတ်မှု

မောင်နု အစုအပြုံလိုက် သတ်ဖြတ်မှုသည် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နူရွာ ရွာသူရွာသားများဖြစ်သော ရိုဟင်ဂျာလူမျိုးများအား မြန်မာ တပ်မတော် (ကြည်း)က အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထွက်ပေါ်လာခဲ့သော ဗီဒီယိုဖိုင်အရ အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသော အလုပ်သမားများက မောင်နူရွာ နေရာဒေသများကို ဘူဒိုဇာများဖြင့် ဖြိုခွင်းခဲ့သည့်ကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် ရုပ်အလောင်းများနှင့် အလောင်းထည့်ထားသော အိတ်များကို မြင်တွေ့ခဲ့ရသည်။

Read article