Map Graph

မော်လမြိုင်ကျွန်း

မော်လမြိုင်ကျွန်းမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် တွင် ပါဝင်သော မော်လမြိုင်ကျွန်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြို့နယ် လူဦး ရေမှာ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေ ၈၉,၅၉၃ ယောက်ခန့် ရှိသည်။ မော်လမြိုင်ကျွန်းမြို့ကို အရပ်ထဲ၌ မော်ကျွန်းဟု ခေါ်လေ့ရှိကြသည်။ မော်လမြိုင်ကျွန်းမြို့သည် ဧရာဝတီမြစ်၏ မြစ်ခွဲတစ်ခု ဖြစ်သော ရာဇူဒိုင်မြစ်နှင့် တုံးလဲချောင်းတို့ဆုံရာ ကျွန်းငယ် တစ်ခုပေါ်တွင် တည်ရှိသည်။ မြို့သည် အလျား ၂ မိုင်၊ အနံ ၁. ၅ မိုင်ခန့်ရှိ၍ ၁. ၂၂၂ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။

Read article