ရတနာဘုံမြင့်ကျောင်း
ရတနာဘုံမြင့်ကျောင်း သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တည်ရှိသည့် သမိုင်းဝင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခု ဖြစ်သည်။ သီပေါမင်းပိုင် အထက်မြန်မာပြည်မှ ဗြိတိသျှပိုင် အောက်ပြည်ကို စုန်ဆင်းကာ ကိုလိုနီခေတ် မော်လမြိုင်မြို့တွင် နေထိုင်ခဲ့သော မင်းတုန်းမင်း၏ စတုတ္ထမြောက်မိဖုရားတစ်ပါးဖြစ်သည့် စိန်တုံးမိဖုရား၏ လမ်းညွှန်မှုဖြင့် မန္တလေးမှ ဗိသုကာပညာရှင်တို့တို့ကို ခေါ်ယူကာ တည်ဆောက်ခဲ့သည်။ တည်ဆောက်မှု ကုန်ကျစရိတ်အားလုံးကို သူဌေးမ ဒေါ်ရွှေပွင့်က လှူဒါန်းခဲ့သည်။ ကျောင်းတော်သည် တော်ဝင်လက်မှုပညာလက်ရာများကြောင့် ထင်ရှားသည်။ ကျောင်းတော်ကို ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရာမဆရာတော်ကို လှူဒါန်းခဲ့သည်။
Read article