ရန်ကုန်ကလေးဆေးရုံကြီး
ရန်ကုန်ကလေးဆေးရုံကြီး သည် ရန်ကုန်မြို့တွင် တည်ရှိပြီး အဓိကပြည်သူ့ဆေးရုံတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်ကလေးဆေးရုံကြီး ကို ၁၉၆၀ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးလက်အောက်ရှိ ဆေးရုံတစ်ခုလည်း ဖြစ်သည်။ ဝင်ဆံ့သည့် ပမာဏမှာ ကုတင် ၆၀ ဖြစ်သည်။ ၁၉၆၂ − ၁၉၆၃ ခုနှစ်များတွင် ဆေးရုံကို မြေနီကုန်းသို့ ရွေ့ပြောင်းခဲ့ပြီး ဝင်ဆံ့သည့် ပမာဏမှာ ကုတင် ၈၀ ဖြစ်လာခဲ့သည်။ ၁၉၆၃ ခုနှစ်တွင်ပင် ဆေးရုံကို လက်ရှိနေရာသို့ ရွေ့ပြောင်းခဲ့သည်။ လက်ရှိနေရာမှာ အမှတ် (၂)၊ ပြည်ထောင်စုရိပ်သာလမ်းတွင် ဖြစ်သည်။ အကျယ်အဝန်းမှာ ၈.၇၃ ဧက ကျယ်ဝန်းသည်။ လက်ရှိအဓိကအဆောက်အဦကို ၁၉၇၀ ခုနှစ်တွင် ကနေဒါနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး ၁၉၇၈ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် three-story annex အဆောက်အဦအသစ်ကို တည်ဆောက်ခဲ့ကာ ကုတင် ၅၅၀ ပိုမိုဝင်ဆံ့ခဲ့သည်။
Read article