လောကနန္ဒာစေတီ(ပုဂံ)
လောကနန္ဒာစေတီသည် မြန်မာနိုင်ငံ၊မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ စေတီပုထိုးအမှတ် ၁၀၂၃/၄၁၈−က ဖြစ်သည်။ စွယ်တော်မြတ် ကိန်းဝပ်ရာ တတိယမြောက် စေတီတော်ကြီး ဖြစ်သည်။ ဆင်ဖြူတော်သည် တန့်ကြည့်တောင်မှ ဧရာဝတီမြစ်သို့ ကူး၍ ယခု သီရိပစ္စယာစွယ်တော်၏ အရှေ့ဘက်ရှိ ဧရာဝတီ ကမ်းနဖူးတွင် ဝပ်လေသည်။ အနော်ရထာမင်းကြီးသည် ဆင်ဖြူတော် ဝပ်ရာ ဤနေရာ၌ စွယ်တော်ရှင်စေတီ တည်ခွင့်ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူသည်။ အဘယ်ကြောင့် ဆိုသော် ထိုသီရိပစ္စရာသည် ပုဂံခေတ်က သင်္ဘောဆိပ်မြို့ ဖြစ်ခဲ့ပြီး သီဟိုဠ်မှပင့်ဆောင်သော စွယ်တော်မြတ်ကို မင်းကြီးကိုယ်တိုင် ရေထဲသို့ လည်တိုင်အထိဆင်းကာ ရွက်ယူပူဇော်ခဲ့ရသော နေရာဖြစ်သောကြောင့် ပင်တည်း။
Read article