လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်မှု
လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်သည်။ ဖြစ်စဉ်အတွင်း တပ်မတော် (ကြည်း) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် အရပ်သား အနည်းဆုံး ၆၅ ဦးအား သတ်ဖြတ်ခဲ့ကြသည်။ ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရပြီးနောက် အသေအပျောက်အများဆုံးသော ဖြစ်ရပ်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် အရပ်သားများအား စစ်တပ်က ပြင်းထန်စွာ အကြမ်းဖက်ခြင်းတစ်ခုအဖြစ် မှတ်သားခဲ့သည်။ အကြမ်းဖက် ဖြိုခွင်းမှုတွင် နိုင်ငံတွင်း အဓိက စက်ရုံအလုပ်ရုံအများအပြား တည်ရှိရာဖြစ်သည့် လှိုင်သာယာမှ စက်ရုံအလုပ်သမားများ၊ ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းများ အစုလိုက် အပြုံလိုက် ထွက်ခွာသွားစေခဲ့သည်။
Read article