Map Graph

သံတောင်ကြီးမြို့နယ်

သံတောင်ကြီးမြို့နယ် သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သံတောင်ကြီးမြို့ ဖြစ်သည်။ မြောက်လတ္တီကျု ၁၈°၃၈′၀.၃″ နှင့် ၁၉°၃၀′၁၀″ ကြား၊ အရှေ့လောင်ဂျီကျု ၉၆°၂၂′၁၂″ နှင့် ၉၇°၁၂′၄″၁ ကြားတွင် တည်ရှိကာ အရှေ့အနောက် ၂၄.၅ မိုင်ခန့်နှင့် တောင်မြောက် ၅၈ မိုင်ခန့် ရှည်လျားသော သံတောင်ကြီးမြို့နယ်သည် မြို့လေးမြို့ပါဝင်သည့် ဧရိယာမှာ ၁၄၁၂.၈၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ဖရူဆို၊ ဖားဆောင်းမြို့နယ်တို့နှင့် ထိစပ်နေကာ အနောက်ဘက်တွင် တောင်ငူ၊ ရေတာရှည်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိသည်။ တောင်ဘက်တွင် ကျောက်ကြီး၊ ဖာပွန်မြို့နယ်တို့နှင့် ထိစပ်နေပြီး၊ မြောက်ဘက်တွင် ပျဉ်းမနား၊ ဖယ်ခုံမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသည်။

Read article
ဖိုင်:Thandaunggyi.jpgဖိုင်:Thandaunggyi_tsp_in_Hpan_district.svgဖိုင်:Myanmar_location_map.svg