လင်းပိုင်ရေနေ နို့တိုက် သတ္တဝါ မျိုးစိတ်လင်းပိုင် ဆိုသည်မှာ ရေနေ နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ပြီး ဝေလငါးနှင့် အမျိုးတော်စပ်သည်။ စုစုပေါင်း မျိုးစိတ် ၄၀ ခန့်နှင့် မျိုးစု ၁၇ ခုခန့် ရှိသည်။ လင်းပိုင်များ၏ အရွယ်အစားမှာ ၁.၂ မီတာ (၄ပေ) ခန့် နှင့် ၄၀ ကီလို (၉၀ပေါင်) မှ စ၍ ၉.၅မီတာ (၃၀ပေ) နှင့် ၁၀ တန် အထိ အမျိုးမျိုး ကွဲပြားခြားနားကြသည်။ သူတို့ကို တကမ္ဘာလုံးတွင် တွေ့ရပြီး အထူးသဖြင့် ပင်လယ်ရေတိမ်ပိုင်းဒေသတွင် တွေ့ရသည်။ သူတို့သည် အသားစား သတ္တဝါများ ဖြစ်ကြပြီး ငါး နှင့် ပြည်ကြီးငါးတို့ကို စားလေ့ ရှိကြသည်။ ဒယ်ဖီနီဒေး မိသားစုသည် Cetacean မျိုးစစ်တွင် အကြီးမားဆုံးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ဆယ်သန်းခန့်ကမှ စတင်ပေါ်ပေါက်ခဲ့သည်။ လင်းပိုင်များသည် ဉာဏ်ရည်ထက်မြက်သော သတ္တဝါများတွင် ပါဝင်ကြပြီး သူတို့သည် လူတို့နှင့် ရောနှော နေထိုင်တတ်ခြင်းနှင့် ဆော့ကစားတတ်ခြင်းတို့ကြောင့် လူတို့၏ ပတ်ဝန်းကျင်တွင် ထင်ရှားသည်။Read article