ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု
From Wikipedia, the free encyclopedia
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ (တရုတ်: 自治州 ) သည် တရုတ်နိုင်ငံ၏အုပ်ချုပ်ရေးပိုင်းခွဲခြားမှုပုံစံတစ်မျိုးဖြစ်သည်။ စီရင်စုအဆင့်ရှိဖို့ရန် တိုင်းရင်းသားလူမျိုးစုများ၏ လူဦးရေသည် ၅၀ ရာခိုင်နှုန်းကျော်ပါက ဖွဲ့စည်းပေးနိုင်သည်။ ဟန်လူမျိုးများသည် နယ်မြေတော်တော်များများကို နေရာယူထားသည်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ တရားဝင်အမည် တွင် ထိုဒေသတွင်အများဆုံးဖြစ်သောလူနည်းစု၏ အမည်ကိုထည့်သွင်းပေးထားသည်။ တစ်ခါတစ်ရံတွင် အမည်နှစ်ခုပေးခြင်းမျိုးလည်း ရှိပါသေးသည်။ အခြားသော စီရင်စုအဆင့်ဌာနခွဲများကဲ့သို့ပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများကို ခရိုင်အဆင့်ဌာနခွဲများအဖြစ် သတ်မှတ်ပေးထားခြင်းမျိုးလည်းရှိသည်။ ခြွင်းချက်တစ်ခုအနေဖြင့် အီလီ ကာဇက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် စီရင်စုနှစ်ခုရှိနေပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများကိုဖျက်သိမ်း၍ မရပါပေ။