ကြည်လင်ပြတ်သား ရုပ်မြင်သံကြား
From Wikipedia, the free encyclopedia
ကြည်လင်ပြတ်သား ရုပ်မြင်သံကြား၊(High-definition television)၊ အတိုကောက် (HDTV) ဆိုသည်မှာ သာမန် ရုပ်မြင်သံကြားစက်များထက် ပုံရိပ်အစက် ပို၍များခြင်းကို ဆိုလိုသည်။ ပုံရိပ်အစက်များသည် နည်းပညာ မြင့်မားသည်နှင့်အလျောက် ပို၍သေးကာ ပုံသားအရည်အသွေးလည်း ပိုမိုကောင်းမွန်လာသည်။
ကြည်လင်ပြတ်သား ရုပ်မြင်သံကြား- ပုံရိပ်အစက် | ပုံမှန် ရုပ်မြင်သံကြား- ပုံရိပ်အစက် |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
အိပ်(ခ်ျ)ဒီတီဗီ HDTV (high definition television) မှာ ဒစ်ဂျစ်တယ်အချက်ပြစနစ် ဖြင့် ထုတ်လွှင့်နိုင်မည့် မျိုးဆက်သစ် တယ်လီဗီးရှင်း ထုတ်လွှင့်မှုစနစ်ဖြစ်သည်။ ၎င်း၏ အရည်အချင်းအသစ်များမှာ
- အရုပ်အသံ အရည်အသွေး ပိုမိုကောင်းမွန်ခြင်း၊
- မူရင်း အရည်အသွေးအတိုင်း မပျက်မစီးဘဲ လွှင့်ထုတ်နိုင်ခြင်း၊
- မူကွဲဘာသာ စကားသံများ၊ စာတန်းထိုးများ အစရှိသော အချက်အလက်များကို ရုပ်သံနှင့်အတူ ပူးတွဲထုတ်လွှင့်နိုင်ခြင်းတို့ ဖြစ်သည်။
အိပ်(ခ်ျ)ဒီတီဗီ သို့ ပြောင်းလဲအသုံးပြုခြင်းကို ရာစုသစ်၏ ရုပ်သံ ဆက်သွယ်မှုစနစ်အဖြစ် တွေ့မြင် ကြရသည်။ ရုပ်သံ ထုတ်လွှင့်မှု လုပ်ငန်းနှင့် နီးစပ်သူများသည် အိပ်(ခ်ျ)ဒီတီဗီ ဟူသော ဝေါဟာရကို ၁၉၈ဝ ပြည့်လွန်နှစ်များ ကတည်းက ကြားဖူးခဲ့ကြပေသည်။ လူအများစုကတော့ ၁၉၉၈ ခုနှစ်တွင် အီလက်ထရောနစ် ကုမ္ပဏီကြီးများ အချင်းချင်း ကျယ်ကျယ် ပြန့်ပြန့် ကြော်ငြာနည်းပညာ စီးပွားရေးတိုက်ပွဲများ ဖြစ်ပွားပြီး ပွဲဆူခါမှ သိခွင့်ရကြသည်။
တယ်လီဗီးရှင်းကို စတင် တီထွင်စက အမည်းရောင်ပုံးကြီး နှင့် အဖြူအမည်း ဖန်သားပြင် ခပ်သေးသေးအဆင့်သာ ရှိခဲ့ပြီး မကြာခင်ဖန်သားပြင်အရွယ်အစားများ ကြီးလာခဲ့ပြီး အရောင်စုံစနစ် ပါ ဖြစ်ထွန်းလာခဲ့သည်။ ထို့နောက် ဈေးကွက်တွင် ဖန်သားပြင် ကြီးမား ကျယ်ပြန့်သော ရောင်စုံရုပ်မြင်သံကြားစက်များ အလွန်ပင် ခေတ်စားလာခဲ့သည်။ ထိုစဉ်က တယ်လီဗီးရှင်း နည်း ပညာ ဖွံ့ဖြိုးမှု ရပ်တန့်သွားပြီဟု ထင်မှတ်ခဲ့ကြပြီး ဖန်သားပြင် ကြီးမားမှုသည် အရည်အသွေး ပိုမိုကောင်းမွန်မှု မဟုတ်ကြောင်း သတိမထားမိခဲ့ကြပေ။ ပုံမှန် ရ SDTV (standard television) တွင် အလျားလိုက် ပုံဖတ်လိုင်း ၅၂၅ လိုင်းသို့မဟုတ် ၆၂၅ လိုင်းအထိသာရှိပြီး ဖန်သားပြင်ကြီးလေ ပုံဖတ်လိုင်းများ scan line များ ကြီးလာလေ ဖြစ်ကြောင်း တွေ့ရှိလာခဲ့ကြပြီး ပိုမိုကောင်းမွန်သော နည်းပညာကို အဆင့်ဆင့်ရှာဖွေကာ ပုံဖတ်လိုင်း ၁ဝ၈ဝ လိုင်းအထိရသော စနစ်တစ်ခုကို တီထွင်လာနိုင်ကြကာ ၎င်းကို high definition television (HDTV) ဟု အမည်ပေးခဲ့ကြသည်။ ၎င်းမှာ ပုံမှန်စနစ်ထက် နှစ်ဆ ကောင်းမွန်သော အရည်အသွေး ဖြစ်၏။
ရုပ်သံနည်းပညာတွင် interlacing scan နှင့် progressive scan ဟူသော နည်းပညာ ၂- ခု ရှိ၏။ လက်ရှိ ရုပ်မြင်သံကြား စက်အားလုံးမှ interlacing scan type များဖြစ်ကြပြီး progressive scan type မှာ computer monitor များ ဖြစ်ကြသည်။ ပညာရှင်များ၏ အဆိုအရ interlacing မှာ အရည်အသွေးနိမ့် ရုပ်သံဖမ်းစက်များတွင် အသုံးပြုလေ့ ရှိကြသည်ဟု မှတ်ယူရ၏။ အိပ်(ခ်ျ)ဒီတီဗီ မှာလည်းပုံဖတ်လိုင်း ၁ဝ၈ဝ လိုင်းကို interlacing စနစ်ဖြင့် ဖော်ပြရသော်လည်း ပိုမိုကြည်လင်ပြတ် သား၍ အနုစိတ်သော ပုံဖတ်အားကို ရစေသည်ဟု ဆို၏။ အိပ်(ခ်ျ)ဒီတီဗီ ၏ရုပ်သံထုတ်လွှင့်မှုစနစ်မှာ wide screen format ဖြစ်၏။ ၁၆ း ၉ ကျယ်ပြန့်မှု အချိုးကို ကိုယ်စားပြု၏ SDTV က ၄ း ၃ အချိုးသာရှိပြီး မျက်နှာပြင်အလျားက အမြင့်ထက် ၃၃ ရာခိုင်နှုန်းပိုသည်ဟုတွက်ချက်ရသည်။ အိပ်(ခ်ျ)ဒီတီဗီ အလျားက အမြင့်ထက် ၇၅ % ပိုရှည်သည်ဟုညွှန်းဆိုခြင်း ဖြစ်၏။ ၁၆ း ၉ အချိုးက ပုံမှန်လူသားတစ်ယောက် မျက်စိမှမြင်ရသော အမြင်နှင့် အလွန်နီးစပ်ကြောင်းတွေ့ရ၏။ ထို့ကြောင့် ၁၆ း ၉ အချိုးက သဘာဝနှင့် ပိုတူသည်ဟုခံစားကြရ၏။ ရုပ်သံလွှင့်ဌာနမှ တည်းဖြတ်သူများ အနေဖြင့် ၁၆ း ၉ အချိုးကို ၄ း ၃ အဖြစ်ပြောင်းလဲပုံ ၃ မျိုး ရှိ၏။ တစ်မျိုးမှာ အရုပ်ကို အလျားလိုက် ဆွဲချုံ့လိုက်ခြင်းဖြစ်၏။ ထိုနည်းက ရုပ်ပုံများကို ရှည်သွားစေ၏။ ၎င်းပုံစံ ကို ၁၉၇ဝ ဝန်းကျင်က အနောက်တိုင်းရုပ်ရှင်များကို တီဗီတွင် ထုတ်လွှင့်သည့်အခါ အသုံးပြုခဲ့သည်။ ဒုတိယနည်းက ၁၆ း ၉ အရုပ်၏ ဘယ်နှင့် ညာဘက်အသားများ ဖြတ်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။ အများစုက ထိုနည်းကို အသုံးပြုကြ၏။ တတိယနည်းကို cinemascope ဟုခေါ်သည်။ ထိုနည်းက မူရင်းအချိုးမပျက်စေဘဲ အပေါ်အောက်အသားနှစ်ခုကို အမည်းရောင်စတုဂံများဖြင့် ပိတ်လိုက်ခြင်း ဖြစ်၏။ ပုံမှန် တီဗီများတွင် ရုပ်ရှင်ကားများ ကြည့်ရှုရခြင်းကအထက်ပါ ၃ နည်းစလုံးဖြင့် ကြည့်ရှု၍ရသော်လည်း တစ်ခုခု လိုအပ်နေသည်ဟုခံစားရပြီး ၁၆ း ၉ အိပ်(ခ်ျ)ဒီတီဗီ ပေါ်လာသည့် အခါ လိုအပ်ချက်များ ရှိစေတော့ဘဲ မူရင်း အချိုးအတိုင်း၊ ထုတ်လွှင့်မှုအတိုင်း ဖမ်းယူ ကြည့်ရှုနိုင်ကြတော့သည်။ အိပ်(ခ်ျ)ဒီတီဗီ format ခေတ်စားလာချိန်တွင် wide screen tube များ ထုတ်လုပ်နိုင်ရန် ပြောင်းလဲပစ်ရမည် ဖြစ်သည်။