ဖျောက်ဆိပ်ကြယ်စု
တောင်းရပ်ကြယ်စုတန်းရှိ ကြယ်အစုအဝေး / From Wikipedia, the free encyclopedia
ဖျောက်ဆိပ်ကြယ်စု (အင်္ဂလိပ်: Pleiades) (/ˈplaɪədiːz/ သို့မဟုတ် /ˈpliːədiːz/) သို့မဟုတ် ကြတ္တိကာနက္ခတ် သို့မဟုတ် သူခိုးနက္ခတ် သို့မဟုတ်ညီအစ်မ ခုနှစ်ဖော်ကြယ် သည် ကြယ်အစုအဝေး (open star cluster) ဖြစ်ပြီး အလယ်အလတ်သက်တမ်း ရှိကြသော B-type ကြယ်များ ပါဝင်ကာ တောင်းရပ် ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းသည် ကမ္ဘာမြေနှင့် အနီးဆုံး ကြယ်အစုအဝေးဖြစ်ပြီး ညဘက်ကောင်းကင်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သည်။ ထိုကြယ်အစုအဝေးအား ကမ္ဘာတစ်ဝန်း မတူညီသည့် ဓလေ့ထုံးတမ်းစဉ်လာ နာမည်များ မှည့်ခေါ်ကြသည်။
Pleiades | |
---|---|
လေ့လာရေး အချက်အလက် (J2000 epoch) | |
ကြယ်စုတန်း | ပြိဿ နက္ခတ်တာရာ |
ညာဖက်တိမ်းစောင်းမှု | 3° 47′ 24″[1] |
နိမ့်ဆင်းမှု | +24° 7′[1] |
အကွာအဝေး | ၄၄၄ ly on average (၁၃၆.၂±၁.၂ pc[2][3][4][5]) |
မြင်သာသော အရွယ်အစား (V) | ၁.၆[6] |
မြင်သာသော ဒိုင်မင်းရှင်း (V) | 110' (arcmin.)[6] |
ရုပ်ပိုင်းဂုဏ်သတ္တိ | |
အခြားအမည်များ | M45,[1] ညီအစ်မ ခုနှစ်ဖော်ကြယ်[1] Melotte 22[1] |
အခြားကြည့်ရန်: ကြယ်အစုအဝေး၊ ကြယ်အစုအဝေးများစာရင်း |
ကြယ်စုအား အပြာရောင် ပူပြင်းသည့် အင်မတန်တောက်ပသောကြယ်များဖြင့် လွှမ်းမိုးထားကာ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ မီလီယံအကြာမှ ဖွဲ့တည်ခဲ့သည်။ တောက်ပသောကြယ်များကြားမှ မှေးမိန်သောဖုန်နယ်မြေသည် ကြယ်အစုအဝေးဖွဲ့တည်စဉ်က လက်ကျန်များဖြစ်သည်။ နက္ခတ္တပညာရှင်များ ခန့်မှန်းချက်အရ ဖျောက်ဆိပ်ကြယ်စုသည် နောင်နှစ်ပေါင်း ၂၅၀ မီလီယံကြာသည်အထိ တည်ရှိမည်ဖြစ်ပြီး ထိုအလွန်တွင်မူ အိမ်နီးနားချင်းများဖြင့် ဒြပ်ဆွဲအားသက်ရောက်ပြီး ပျံ့နှံ့သွားမည်ဖြစ်သည်။[7]
မြန်မာ့ရိုးရာ ဓလေ့အရ မနက် နေမထွက်ခင် အရှေ့ကောင်းကင်တွင် ဖျောက်ဆိပ်ကြယ် ပေါ်သောအချိန်အခါသည် မိုးစတင်ရွာတော့ မည် ဟူသော အဓိပ္ပါယ်ရှိသည်ဖြစ်၍ ရှင်းလင်းထားပြီး လယ်ယာမြေ တို့တွင် မိုးဦးသီးနှံတို့ကို ချထားရတော့မည့် အချိန်ဖြစ်ကြောင်း သတိပေးနှိုးဆော်သော နိမိတ် ဖြစ်သည်။[8]