ကျိချွဲ သတ္တဝါ
From Wikipedia, the free encyclopedia
ခရုအမျိုးမျိုးပါဝင်သော ခရုမျိုးပေါင်းစုကြီးတစ်ခုလုံးကို ပါဏဗေဒအရ မော်လပ်စကား(Mollusca)ဟု ခေါ် တွင်၍ ထိုဝေါဟာရမှာ ကိုယ်ခန္ဓာပျော့သော သတ္တဝါမျိုးဟု အဓိပ္ပာယ်ပေါက်လေသည်။ ခရုမျိုးပေါင်းစုတွင် ခရုပက်ကျိ၊ ယောက်သွား၊ ကမာနှင့် ပက်ကျိတို့သာမက၊ ကင်းမွန်၊ ကင်းမွန်ဘဲလိပ်၊ ဘဝဲ စသော သတ္တဝါများလည်း ပါဝင်သည်။ ထိုသတ္တဝါများ၌ များသောအား ဖြင့် ကိုယ်ခန္ဓာကို ဖုံးအုပ်ကာကွယ်ထားသော အခွံမာများ ရှိကြ သော်လည်း အချို့တွင် လုံးဝမပါချေ။ အချို့တွင် ပါပြန်ကလည်း သေးငယ်၍သော်လည်းကောင်း၊ သို့မဟုတ်၊ ကိုယ်ထဲ၌ နစ်မြုပ်၍သော်လည်းကောင်း ရှိတတ်သည်။ အခွံပါရှိခဲ့သော် ခရုလုံးကဲ့သို့ အခွံတစ်ခုတည်း ပါရှိသော ခရုမျိုးဖြစ်က ခွံထီးခရုဟူ၍လည်းကောင်း ယောက်သွားကဲ့သို့ အခွံနှစ်ခြမ်းစပ်ပါရှိက အခွံစုံခရုဟူ၍လည်းကောင်း ခေါ်သည်။ အခွံပါ သည်ဖြစ်စေ မပါသည်ဖြစ်စေ အခွံဖြစ်ပေါ်ဖန်တီးပေးနိုင်သော အပေါ်ယံ အရေခွံတစ်ထပ်ကား အားလုံးမှာပင် ပါရှိကြ၏။ ရေငန်တွင် ခရုမျိုးပေါင်းစုံကို တွေ့ရ၏။ သို့သော် ရေချိုနှင့် ကုန်းတွင်နေသောခရုမျိုးလည်း ရှိသေးသည်။
ကျိချွဲ သတ္တဝါ | |
---|---|
Clockwise from top left: Helix pomatia (a gastropod), ရေဘဝဲ (a cephalopod), Tonicella lineata (a chiton), and Atlantic surf clam (a bivalve). | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
လောကသေး: | Eumetazoa |
Clade: | ParaHoxozoa |
Clade: | Bilateria |
Clade: | Nephrozoa |
(unranked): | Protostomia |
(unranked): | Spiralia |
Superphylum: | Lophotrochozoa |
မျိုးပေါင်းစု: | Mollusca လင်းနီးယပ်, ၁၇၅၈ |
မျိုးပေါင်းများ | |
ဇီဝမျိုးစုံမျိုးကွဲ[1] | |
ရှင်သန်ဆဲဟု ခန့်မှန်းထားသော မျိုးစိတ် ပေါင်း (၈၅,၀၀၀) |
ကမ္ဘာအရပ်ရပ်၌ ယခုအခါ ခရုမျိုးပေါင်း ၈၅ဝဝဝ[1] ခန့်မျှ ရှိ၍ ယင်းတို့ကို အောက်ပါအတိုင်း မျိုးပေါင်း ၅ မျိုး ခွဲခြား ထားသည်။