ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
From Wikipedia, the free encyclopedia
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အင်္ဂလိပ်: Acquired immune deficiency syndrome; အတိုကောက် အေအိုင်ဒီအက်စ်) သည် အိတ်ချ်အိုင်ဗွီပိုး (HIV virus) ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ လူ့ကိုယ်ခံစွမ်းအားကျ ကူးစက်ရောဂါပိုးဟု အဓိပ္ပာယ်ရသည်။ အိတ်ချ်အိုင်ဗွီပိုးသည် အလွန်သေးငယ် နုနယ်ပြီး သာမန်မျက်စိဖြင့် မမြင်ရချေ။ အလွန်အားကောင်းသော ခေတ်မီအဏုကြည့် မှန်ဘီလူးများဖြင့် ကြည့်မှသာ မြင်နိုင်သည်။ AIDS ဆိုသည့် စကားလုံးသည် A=Acquired (မွေးရာပါမဟုတ်၊ ကူးစက်ခြင်းဖြင့် ရရှိလာသော)၊ I=Immune (ခုခံအား/ကိုယ်ခံအား)၊ D=Deficiency (လျော့နည်းကျဆင်းမှု)၊ S=Syndrome (ရောဂါလက္ခဏာစု) ကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် AIDS ကို မြန်မာလို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဟု ခေါ်ဆိုသည်။ အေအိုင်ဒီအက်စ်ရောဂါဟု ပြောနေရေးနေကြသော်ငြား နိုင်ငံတကာတွင်တော့ စာလုံးလေးလုံးကို ပေါင်းစပ်ပြီး အေ့ဒ်စ်ရောဂါဟု အသံထွက် ခေါ်ဝေါ်ကြသည်။
HIV/AIDS | |
---|---|
Synonyms | HIV disease, HIV infection[1][2] |
အနီရောင်ဖဲကြိုးသည် အိတ်ချ်အိုင်ဗွီ ရောဂါပိုးရှိသော လူနာများနှင့် အေအိုင်ဒီအက်စ် ဖြစ်နေသူတို့နှင့် စည်းလုံးခြင်း အထိမ်းအမှတ် သင်္ကေတ ဖြစ်သည်။[3] | |
အထူးပြု | ကူးစက်ရောဂါ |
လက္ခဏာများ | Early: Flu-like illness[4] Later: Large lymph nodes, fever, weight loss[4] |
ရှုပ်ထွေးမှုများ | Opportunistic infections, tumors[4] |
ကာလ | Lifelong[4] |
အကြောင်းရင်း | Human immunodeficiency virus (HIV)[4] |
အန္တရာယ်ညွန်းကိန်း | Exposure to blood, breast milk, sex[4] |
စမ်းသပ်နည်း | Blood tests[4] |
ကာကွယ်ခြင်း | Safe sex, needle exchange, male circumcision, pre-exposure prophylaxis, post-exposure prophylaxis[4] |
ကုသခြင်း | Antiretroviral therapy[4] |
ရောဂါလက္ခဏာ | Near normal life expectancy with treatment[5][6] 11 years life expectancy without treatment[7] |
ကြိမ်ရေ | 1.7 million new cases (2018)[8] 37.9 million living with HIV (2018)[8] |
သေဆုံး | 770,000 (2018)[8] |