ဂရမ်မီဆု
From Wikipedia, the free encyclopedia
ဂရမ်မီဆု (အင်္ဂလိပ်: Grammy Awards) သည် အမေရိကန်နိုင်ငံ အမျိုးသားတေးသံသွင်းအနုပညာနှင့်သိပ္ပံ အကယ်ဒမီ အဖွဲ့အစည်း (National Academy of Recording Arts and Sciences, များသောအားဖြင့် Recording Academy ဟုခေါ်ဆိုကြသည်) မှ တေးဂီတလောကအတွင်း ထူးချွန်ပြောင်မြောက်သူများအား နှစ်စဉ် ချီးမြှင့်ပေးအပ်သည့် ဆုဖြစ်သည်။ ဂရမ်မီဆုကို ၁၉၅၈ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ၁၉၅၉ ခုနှစ်မှစ၍ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှစကာ အစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့်လာသည်။ ဂရမ်မီဆုသည် ရုပ်ရှင်နယ်ပယ်တွင်ထူးချွန်သော အသိပညာရှင် အတတ်ပညာရှင်များကို ချီးမြှင့်သော အကယ်ဒမီဆု (အော်စကာဆုဟုလည်း ခေါ်ကြသည်)၊ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်သော ဇာတ်လမ်းတွဲနှင့် အစီအစဉ်များတွင် ထူးချွန်သူများကို ချီးမြှင့်သော အမ်မီဆုနှင့် ပြဇာတ်၊ သဘင်နှင့် စင်မြင့်ထက်တွင် ထူးချွန်သော ပညာရှင်များကို ချီးမြှင့်သည့် တိုနီဆု များကဲ့သို့ပင် ဂီတလောကတွင်လည်း အမြင့်ဆုံးသော ထူးချွန်ဆုပင်ဖြစ်သည်။
Grammy Awards | |
---|---|
58th Annual Grammy Awards | |
ဆုပေးအပ်ခြင်းအကြောင်း | ဂီတနယ်ပယ်တွင် အမြင့်ဆုံးသော အောင်မြင်မှုပန်းတိုင် |
ဆုတံဆိပ်ပေးအပ်သူ | National Academy of Recording Arts and Sciences |
နိုင်ငံ | အမေရိကန် |
ပထမဆုံးဆုတံဆိပ် | ၁၉၅၉ ခုနှစ် |
ဝက်ဘ်ဆိုဒ် | grammy.com |
ရိုက်မြင်သံကြား ဖုံးလွှမ်းမှု | |
ရုပ်သံလိုင်း | NBC (၁၉၅၉–၁၉၇၀) American Broadcasting Company (၁၉၇၁–၁၉၇၂) CBS (၁၉၇၃–လက်ရှိ) |