သဘာဝ ဂြိုဟ်တု
From Wikipedia, the free encyclopedia
သဘာဝ ဂြိုဟ်တု သို့မဟုတ် လ သည် ဂြိုဟ် သို့မဟုတ် ဂြိုဟ်ငယ်များကို လှည့်ပတ်နေသည့် နက္ခတ္တဆိုင်ရာ အရာဝတ္ထုများ ဖြစ်ကြသည်။ နေအဖွဲ့အစည်းတွင် ဂြိုဟ်ဆိုင်ရာ ဂြိုဟ်တုစနစ် ၆ ခု ပါဝင်ပြီး သဘာဝဂြိုဟ်တု ၁၈၅ စင်းနှင့်[1][2] ဂြိုဟ်ငယ် ၄ စင်းရှိကာ ယင်းတို့၌လည်း သဘာဝ ဂြိုဟ်တု ရှိကြသည်။[3] ၂၀၁၆ ခုနှစ်အရ ဂြိုဟ်ငယ်များရှိ လအစင်းပေါင်း ၃၀၀ ကျော် ရှိလေသည်။[4]
ကမ္ဘာနှင့် လကမ္ဘာတို့သည် လကမ္ဘာထုထည်နှင့် ကမ္ဘာထုထည်တို့၏ အချိုးအားဖြင့် တွက်ကြည့်ရသော် အခြားသော သဘာဝ ဂြိုဟ်တုများထက် တမူထူးခြားသည်။ လကမ္ဘာသည် ကီလိုမီတာ ၃၄၇၄ (၂၁၅၈ မိုင်) ရှိပြီး ကမ္ဘာ့ထုထည်၏ ၀.၂၇ ရာခိုင်နှုန်း ရှိလေသည်။[5] ၁၅၄၃ ခုနှစ် မတိုင်ခင်ထိ လကမ္ဘာအား ဂြိုဟ်တစ်ခုအဖြစ် ယူဆခဲ့ကြသည်။