စက္ကူ
From Wikipedia, the free encyclopedia
စက္ကူကို အေဒီ ၁၀၅ ခုနှစ်တွင် အင်ပါယာရှင်ကြီး ဟိုတီ၏ နန်းတွင်း မှူးမတ် တစ်ဦး ဖြစ်သူ ချိုက်လွိန် (TS'AI LUN)မှ တီထွင်ခဲ့သည်။ သူသည် စက္ကူကိုတီထွင်ခဲ့သော်လည်း သူ၏အမည်ကိုစာဖတ်သူအများစုမှာ အသိနည်းခဲ့ကြသည်။ ၎င်း၏တီထွင်မှုမှာအလွန်တရာပင် အရေးပါခဲ့သော်လည်း အနောက်တိုင်းက သူ့အား ဥပေက္ခာပြု လျစ်လျူရှူခဲ့ခြင်းကား အံ့ဩစရာပင် ဖြစ်သည်။ အရေးပါလှပြီး အဓိကကျလှသော စွယ်စုံကျမ်းကြီးများတွင်ပင် သူ့ဘဝအတ္ထုပ္ပတ္တိကို အကျဉ်းမျှပင် ဖော်ပြထားခြင်းမရှိခဲ့ပေ။ သူ၏အမည်အား ကျောင်းသုံးသမိုင်းများတွင်သာ ရံဖန်ရံခါ ဖော်ပြခဲ့ကြသည်။ အရေးပါလှသော စက္ကူ၏အကြောင်းကိုလေ့လာသုံးသပ်ခဲ့သည့်သမိုင်းသုတေသီတစ်ဦးဖြစ်သူ Michael H.Harts ကသူ၏နာမည်ကျော် "သမိုင်းတစ်လျောက် ဩဇာအရှိဆုံး ပုဂ္ဂိုလ်များ" (The most influential persons in History) ဆိုသောစာအုပ်ကိုပြုစုခဲ့ရာ၌ ချိုက်လွိန် TS'AI LUN ဆိုသူရှိမှရှိပါလေစဟု သံသယဝင်ခဲ့ရကြောင်းကို ၎င်း၏စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့ရာတွင် သူ၏ ဂရုတစိုက်လေ့လာသုတေသနပြုချက်များအရ ထိုပုဂ္ဂိုလ်ကား အမှန်ကတကယ်ပင် ရှိခဲ့သည်ကိုသိခဲ့ရသည်။