ဆာမူရိုင်း
From Wikipedia, the free encyclopedia
ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံ တွင် စက်မှုထွန်းကားသောခေတ်မတိုင်မီက စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲ့အစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူ"ဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည် ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲ ကိုကင်ရှူး (Kokinshu) တွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ(Japanese:武士 English: bushi )ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ ရာထူးအဆင့်အတန်းများနှင့် ဆက်စပ်သုံးစွဲလေ့ရှိကြသည်။ )