![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/11/Tabinshwehti_Nat.jpg/640px-Tabinshwehti_Nat.jpg&w=640&q=50)
တပင်ရွှေထီး
တောင်ငူဘုရင် / From Wikipedia, the free encyclopedia
မင်းတရားရွှေထီး ဟုလည်း သိကြသည့် တပင်ရွှေထီးမှာ ဒုတိယ ပြည်ထောင်စု မြန်မာနိုင်ငံကို အစဦး တည်ထောင်သူဖြစ်သည်။ ခမည်းတော် မင်းကြီးညို (မဟာသီရိဇေယျသူရ) နတ်ရွာစံသဖြင့် အသက်ငယ်ငယ် (၁၄နှစ်) အရွယ်တွင် တောင်ငူမင်းဖြစ်လာပြီးနောက် ဒုတိယ ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ဟံသာဝတီ၊ ပြည် အစရှိသည်တို့ကို သိမ်းပိုက်ခဲ့ပြီး ရခိုင်၊ အင်းဝ နှင့် ထိုင်း ဒေသများထိ ဩဇာအာဏာ သက်ရောက်မှုရှိခဲ့သည်။ တိုင်းတစ်ပါးလူမျိုး၏ ဖျက်စီးမှုကြောင့် အသက်ငယ်ငယ် (၃၅နှစ်) တွင် နန်းတွင်းမှ သစ္စာဖောက် သမိန်စောထွတ်၏ လုပ်ကြံမှုကြောင့် နတ်ရွာစံခဲ့ရသည်။
![]() |
![](http://upload.wikimedia.org/wikipedia/commons/thumb/1/11/Tabinshwehti_Nat.jpg/320px-Tabinshwehti_Nat.jpg)