တူရိယာ
From Wikipedia, the free encyclopedia
တူရိယာဟူသည်မှာ သာယာသော အသံများ ထွက်ပေါ်လာအောင် တီးအပ်မှုတ်အပ်သော ကိရိယာဖြစ်သည်။ တီးခြင်း၊ မှုတ်ခြင်းကို အခြေပြု၍ တူရိယာကို ပိုင်းခြားကြည့်လျှင် 'တီးရသော တူရိယာ'၊ 'မှုတ်ရသော တူရိယာ' ဟူ၍ နှစ်မျိုးရနိုင်သည်။ အတီးနှင့်ဆိုင်သော တူရိယာတို့မှာ ဗုံ၊ စောင်းကောက်၊ ပတ္တလားစသည်တို့ဖြစ်သည်။ အမှုတ်နှင့်ဆိုင်သော တူရိယာတို့မှာ နှဲ၊ ပလွေ စသည်တို့ဖြစ်သည်။ သို့ရာတွင် အနောက်တိုင်းသားတို့ အလိုမှာ 'ခတ်၍အသံမြည်သော တူရိယာ'၊ 'မှုတ်၍အသံမြည်သော တူရိယာ'၊ 'တီး၍အသံ မြည်သောတူရိယာ' ဟူ၍ သုံးမျိုးခွဲခြားထားသည်။