တောင်ငူမြို့
ပဲခူးတိုင်း၊ မြန်မာနိုင်ငံ / From Wikipedia, the free encyclopedia
တောင်ငူမြို့ သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်အစွန်း စစ်တောင်းမြစ်နံဘေးတွင် တည်ရှိသော မြို့ဖြစ်သည်။ တောင်ငူခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ အမှတ်(၁) ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်တည်ရှိ၍ ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ရာမြို့ဖြစ်သည်။ ပဲခူးရိုးမကို ဖြတ်၍ ပြည်မြို့သို့လည်း ကားလမ်းဆက်သွယ်ထားသည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းသည် မြို့၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှနေ၍ ကားလမ်းအားဖြင့် ၁၇၅ မိုင်ကွာဝေးပြီး၊ မီးရထားလမ်းမိုင် ၁၅၀ ကွာဝေးသည်။
တောင်ငူမြို့ ကေတုမတီ | |
---|---|
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 18°56′N 96°26′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
ခရိုင် | တောင်ငူခရိုင် |
မြို့နယ် | တောင်ငူမြို့နယ် |
တည်ထောင် | ၁၇ ဧပြီ ၁၂၇၉ |
လူဦးရေ (၂၀၁၀) | ၁၂၁၀၀၀ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ပဲခူးတိုင်းဒေသကြီး၏ ခရိုင်မြို့နယ်တစ်ခုဖြစ်ပြီး ပါဝင်သော မြို့များမှာ
တို့ဖြစ်ကြသည်။
တောင်ငူသည် ရှေးမင်းအဆက်ဆက်တို့ စိုးစံခဲ့သော ရှေးဟောင်းမင်းနေပြည်တော်မြို့အဖြစ် မြန်မာ့ရာဇဝင်တွင်ထင်ရှားခဲ့သည်။ ရှေးနာမည်အရ ကေတုမတီဟု နာမည်တွင်ပြီး မြန်မာရာဇဝင်တွင် ခေတ်တစ်ခေတ်အဖြစ်အထင်အရှား ရှိခဲ့သည်။ ကေတုမတီ ခေါ် တောင်ငူမြို့ဟောင်းမှ အုတ်မြို့ရိုး၊ ကျုံးနှင့် ရှေးဟောင်းစေတီ များအား ယခုထက်တိုင်တွေ့ရှိနိုင်သေးသည်။