ဒရူပါဒီ မာမူ
From Wikipedia, the free encyclopedia
ဒရူပါဒီ မာမူ (အင်္ဂလိပ်: Droupadi Murmu) သည် အိန္ဒိယနိုင်ငံ၏ လက်ရှိသမ္မတဖြစ်သည်။ ပရာတီဘာ ပါတေးပြီးနောက် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးသမ္မတလည်း ဖြစ်သည်။[1] သမ္မတမဖြစ်မီက ဂျဟာခန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၅ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ပြည့်နှစ်မှ ၂၀၀၄ခုနှစ် အထိ ဩရိဿပြည်နယ် အစိုးရအဖွဲ့တွင် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေးသို့ မဝင်ရောက်မီ ၁၉၇၉ခုနှစ်မှ ၁၉၈၃ခုနှစ်အထိ ဆည်မြောင်းဌာနတွင် စာရေး၊ ထို့နောက် ၁၉၉၇ခုနှစ်အထိ ကျောင်းဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်။[2]
အချက်တိုများ ဒရူပါဒီ မာမူDroupadi Murmu, ၁၅ယောက်မြောက် အိန္ဒိယနိုင်ငံ၏ သမ္မတ ...
ဒရူပါဒီ မာမူ Droupadi Murmu | |
---|---|
၂၀၂၂ခုနှစ်တွင်တွေ့ရစဉ် | |
၁၅ယောက်မြောက် အိန္ဒိယနိုင်ငံ၏ သမ္မတ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၅ ဇူလိုင် ၂၀၂၂ | |
ဝန်ကြီးချုပ် | နာရန်ဒရာ မိုဒီ |
ဒုတိယ သမ္မတ | Venkaiah Naidu |
ယခင်လူ | ရမ်နက်သ်ကိုဗင့်ဒ် |
ဂျဟာခန်ပြည်နယ် အုပ်ချုပ်ရေးမှူး | |
တာဝန်သက်တမ်း ၁၈ မေ ၂၀၁၅ – ၁၂ ဇူလိုင် ၂၀၂၁ | |
ပြည်နယ်ဝန်ကြီးချုပ် | Raghubar Das Hemant Soren |
ယခင်လူ | Syed Ahmed |
ဆက်ခံသူ | Ramesh Bais |
ဩရိဿပြည်နယ် ဝန်ကြီး | |
တာဝန်သက်တမ်း ၆ ဩဂုတ် ၂၀၀၂ – ၁၆ မေ ၂၀၀၄ | |
ပြည်နယ်ဝန်ကြီးချုပ် | Naveen Patnaik |
ဝန်ကြီးဌာန | ရေလုပ်ငန်းနှင့် တိရစ္ဆာန်အရင်းအမြစ် တိုးတက်ရေးဝန်ကြီးဌာန |
တာဝန်သက်တမ်း ၆ မတ် ၂၀၀၀ – ၆ ဩဂုတ် ၂၀၀၀ | |
ပြည်နယ်ဝန်ကြီးချုပ် | Naveen Patnaik |
ဝန်ကြီးဌာန | စီးပွားရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Puti Biranchi Tudu (1958-06-20) ၂၀ ဇွန်၊ ၁၉၅၈ (အသက် ၆၅) ဩရိဿပြည်နယ်၊ အိန္ဒိယနိုင်ငံ |
နိုင်ငံရေးပါတီ | ဘာရာတီယာ ဂျာနာတာ ပါတီ (BJP) |
ကြင်ဖော်(များ) | Shyam Charan Murmu |
မိခင်ကျောင်း | Rama Devi Women's University |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကျွမ်းကျင်မှု | ကျောင်းဆရာမ (ယခင်က) |
ပိတ်ရန်