မိုင်းဆတ်မြို့
From Wikipedia, the free encyclopedia
မိုင်းဆတ်မြို့သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသရှိ မြို့ငယ်ကလေးတစ်ခု ဖြစ်သည်။ သို့သော် တရုတ်ဖြူများ ဝင်ရောက်ကျူးကျော်ခဲ့သော ဒေသဖြစ်၍ မြန်မာတို့က ကမ္ဘာ့ကုလသမဂ္ဂကို တိုင်ကြားခဲ့သဖြင့် မိုင်းဆတ်ကို ကမ္ဘာက အာရုံပြုခဲ့ရသည်။
မိုင်းဆတ်မြို့ | |
---|---|
မြို့ | |
မိုင်းဆတ်မြို့တည်နေရာ | |
ကိုဩဒိနိတ်: 20°32′N 99°15′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | မိုင်းဆတ်ခရိုင် |
မြို့နယ် | မိုင်းဆတ်မြို့နယ် |
လူဦးရေ (၂၀၁၄)[1] | |
• စုစုပေါင်း | ၈,၀၀၄ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မိုင်းဆတ်မြို့သည် မိုင်းဆတ်ခရိုင်တွင်တည်ရှိ၍ ကျိုင်းတုံမြို့နှင့် ၆၂ မိုင်မျှကွာဝေးသည်။ မိုင်းဆတ်မြို့သည် ပင်လယ်ပြင်ထက် ပေ ၁,၉၅ဝ အမြင့်တွင် တည်ရှိ၍ တောင်ပတ်လည် ဝန်းရံနေသည့် မြေချိုင့်မြေပြန့်ဖြစ်သည်။ မိုင်းဆတ်မြို့တွင် ရှေးမြန်မာမင်းများ ပြုလုပ်ခဲ့သည့် မြို့ရိုးများ ယခုတိုင်ရှိသေးသည်။ သို့သော် တရုတ်ဖြူတို့ ဝင်ရောက် ကျူးကျော်စဉ်က ခံကတုတ်ကျင်းများပြုလုပ် ထားသည်ကိုတွေ့ရ၏။ တောင်ပေါ်သားများဖြစ်သည့် အီကော၊ လားဟူ၊ လီရှော လူမျိုးများလည်း နေထိုင်ကြသည်။
အလုပ်အကိုင်အားဖြင့် အပြင်အပသို့ ထုတ်ဝေရောင်းချနိုင်လောက်အောင် ပစ္စည်းများမလုပ်ကိုင်ဘဲ အချင်းချင်း ဖလှယ် နိုင်ရုံမျှသာ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ကြသည်။ မြေပြန့်တွင် စပါး၊ ဆေး၊ ငရုတ် များစိုက်ပျိုး၍ တောင်ပေါ်တွင် လက်ဖက်၊ အာလူးများကို ထွန်ယက်စိုက်ပျိုး လုပ်ကိုင်သည်။ ပိုလျှံသော ဆန်၊ လက်ဖက်ခြောက်စသည့် ပစ္စည်းများဖြင့် ဆား၊ ရေနံဆီ၊ ဖယောင်းတိုင်၊ မီးခြစ် စသည်တို့ကို ယိုးဒယားသားတို့နှင့် ဖလှယ်ကြသည်။