![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/29/Mohnga.jpg/640px-Mohnga.jpg&w=640&q=50)
မုန့်ဟင်းခါး
မြန်မာ့ရိုးရာ အစားအစာ ဖြစ်သည်။ / From Wikipedia, the free encyclopedia
မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖောက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်)များနှင့် ငါးဖြင့် အဓိက ချက်လုပ်သော မုန့်ဟင်းခါးဟင်းရည်ကို အခြား အစာပလာများနှင့် အတူတွဲဖက် စားသုံးရသည့် အစားအစာ တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့၊ ရွာတိုင်းတွင် မုန့်ဟင်းခါးကို ရောင်းချကြပြီး နံနက်စာ မှ နေ့လည် နေ့ခင်း အဆာပြေ အပြင် ညလယ်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားလေ့ရှိကြသည်။ ထို့အပြင် မုန့်ဟင်းခါးသည် အာဟာရတန်ဖိုးအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ်နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူသည့်အပြင် စရိတ်ပါ သက်သာသောကြောင့် မြန်မာလူမျိုးတိုင်းလိုလို နှစ်သက်သော အစားအစာလည်းဖြစ်သည်။
အချက်တိုများ အဓိကသုံးဆောင်မှု, မူရင်းနိုင်ငံ ...
![]() | |
အဓိကသုံးဆောင်မှု | နံနက်စာ၊ အဆာပြေ |
---|---|
မူရင်းနိုင်ငံ | မြန်မာ |
သုံးဆောင် အပူချိန် | အပူ |
အဓိက ပါဝင်ပစ္စည်း | မုန့်ဖတ်၊ ညှပ်ခေါက်ဆွဲ၊ ငါး |
မျိုးကွဲများ | ဒေသအလိုက်ကိုကြည့်ပါ |
![]() ![]() |
ပိတ်ရန်