မြန်မာနိုင်ငံရှိ ခရိုင်များ
မြန်မာနိုင်ငံ၏ ဒုတိယအဆင့်ရှိ အုပ်ချုပ်ရေးနယ်မြေဒေသများ / From Wikipedia, the free encyclopedia
ခရိုင်များသည် မြန်မာနိုင်ငံ၏ ဒုတိယအဆင့်ရှိ အုပ်ချုပ်ရေးနယ်မြေဒေသဖြစ်သည်။ ၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း (၁၂၇)ခရိုင် ရှိသည်။ ခရိုင်များ၏ နယ်မြေဖွဲ့စည်းပုံ ပြောင်းလဲသတ်မှတ်ခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူရသည်။ ခရိုင်များသည် တိုင်းဒေသကြီး/ပြည်နယ် များကဲ့သို့ ပထမအဆင့် အုပ်ချုပ်ရေးနယ်မြေများနှင့် မြို့နယ်များကဲ့သို့ တတိယအဆင့် အုပ်ချုပ်ရေးနယ်မြေများအကြား ချိတ်ဆက်ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခရိုင်များ၏ အထွေထွေကိစ္စရပ်များကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများက အုပ်ချုပ်သည်။ ထိုရုံးကို ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ ပြည်သူ့ဝန်ထမ်းတစ်ဦးက ဦးဆောင်ကာ ခရိုင်အုပ်ချုပ်ရေးမှူးဟု ခေါ်ဝေါ်သည်။[1]