မြိတ်မြို့
တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ဆိပ်ကမ်းမြို့ / From Wikipedia, the free encyclopedia
မြိတ်မြို့ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပါဝင်သည့် မြိတ်မြို့နယ်၏ ခရိုင် မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့လည်းဖြစ်သည်။ နေဝင်ရာ အနောက်အရပ်တွင် ပထော်ပထက်တောင်ဟု ခေါ်သော ကျွန်းညီနောင် ရှိသည်။ ထင်ရှားသော စေတီပုထိုးမှာ လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော် ဖြစ်ကာ၊ သိမ်တော်ကြီးစေတီတော်၊ သိမ်ကြီးတောင်ဟု အတိုခေါ်သည်။ ရေလုပ်ငန်း ထွန်းကားသည်။ ရော်ဘာ၊ ဆီအုန်းတို့ကိုလည်း စိုက်ပျိုးသည့် ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၈၄,၄၈၉ ဦး ရှိသည်။ ကျား ၁၃၉,၅၉၂ ဦး၊ မ ၁၄၄,၈၉၇ ဦး ရှိသည်။ မြိတ်ခရိုင်တစ်ခုလုံးလူဦးရေမှာ ၆၉၃,၀၈၇ ဦးရှိသဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေအများဆုံးရှိသော ခရိုင်ဖြစ်သည်။
အချက်တိုများ မြိတ်မြို့, နိုင်ငံ ...
မြိတ်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 12°26′N 98°36′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | မြိတ်ခရိုင် |
မြို့နယ် | မြိတ်မြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ပိတ်ရန်