ရွှေဆံတော်ဘုရား (ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ စေတီတော် / From Wikipedia, the free encyclopedia
ရွှေဆံတော် ဘွဲ့တော်ရှိ အခြားစေတီများ အတွက် ရွှေဆံတော်ဘုရား ကို ကြည့်ပါ။
လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၊ ဆံတော်ရပ်၌ “သုဒဿန”မည်သော တောင်ကုန်းငယ်တွင် တည်ရှိသည့် ရွှေဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟုလည်း ရှေးက ခေါ်တွင်ခဲ့သည်။ ရွှေဆံတော်၏ ဉာဏ်တော်မှာ ထီးတော်မှ ဖိနပ်တော် (တတိယပစ္စယံ)အထိ ၁၂၇ ပေ၊ (၈၅ တောင်)၊ လုံးပတ်တော် ၈၈ ပေ ၈ လက်မ၊ ဖိနပ်တော် ၂၉၄ ပေ အသီးအသီး ရှိလေသည်။
အချက်တိုများ ရွှေဆံတော်ဘုရား, အချက်အလက်များ ...
ရွှေဆံတော်ဘုရား | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 18.818220°N 95.221086°E / 18.818220; 95.221086 |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မြန်မာနိုင်ငံ |
ပိတ်ရန်
ရွှေဆံတော်စေတီတော်၏ ရင်ပြင်တော်အရှေ့ယွန်း၌ ဆုတောင်းပြည့်ဂူနှင့် ရုပ်ပွားတော်ကြီး နှစ်ဆူ ရှိသည်။ ထိုကြောင့် စာဆိုကျော်နဝဒေးကြီးက ဆုတောင်းပြည့်ဘုရားတိုင်ရတု၌
- တောင်ထက်တောင်မြတ်၊ တောင်ကျော်ထွတ်၌၊
- လူနတ်များရှင်၊ မြသိတင်နှင့်၊
- တပြင်မခြား၊ ရှေ့ယွန်းနားဝယ်၊
- တရားဘုန်းခေါင်၊ ဒွတ္တဘောင်ဟု၊
- ပြည်ထောင်များနတ်၊ တည်ခဲ့မှတ်သည်။
- လျှံပတ်ညီးညီး၊ ခြောက်သွယ်စီးသား၊
- ရွှေထီး ရွှေတိုင်၊ ရွှေစိုင် တစ်ခဲ၊
- လိုဏ်နန်းထဲက၊ ရဲရဲထွန်းပြောင်၊
- ကိုယ်တော်ရောင်ဖြင့်၊ ညီနောင်နှစ်ဖော်၊
- ကျွန်းလုံးကျော်သည်၊ မည်တော်ဆုတောင်းပြည့်တကား ဟု စပ်ဆိုခဲ့ခြင်း ဖြစ်လေသည်။