From Wikipedia, the free encyclopedia
ဝီလီယံ ရှိတ်စပီးယား(William Shakespeare)(၁၅၆၄-၁၆၁၆)သည် ကမ္ဘာ့စာပေလောကကို လှုပ်ခတ်နှိုးနိုင်ခဲ့သည့် နာမည်ကျော် ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ ကဗျာလင်္ကာဆရာ ဖြစ်သည်။ “ရှိတ်စပီးယား”မှာ ကလောင်နာမည် တစ်ခုသာဖြစ်သည့်အတွက် ရှိတ်စပီးယားကို မည်သူမှမသိကြပေ။ သို့ဖြင့် မည်သူဖြစ်မည် ဟုအငြင်းပွားလာသည်မှာ ၂၀ ရာစုလယ် အထိဖြစ်သည်။ နောက်ဆုံး အနီးစပ်ဆုံး မှန်းဆ၍ရသူမှာ ၁၇ ဆက်မြောက် အောက်စဖို့မြို့စား အက်ဒ်ဝပ်ဒီဗေရာ (Edward de Vere) ဖြစ်သည်ဟု ဆိုကြသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(24 Jul 2021) |
အက်ဒ်ဝပ် သည် မင်းညီမင်းသားတို့ ထုံးစံအတိုင်း မြင်းစီး၊ အမဲလိုက်၊ စစ်ရေး အစရှိသည့် ပညာရပ်များ သင်ကြားတတ်မြှောက်သကဲ့သို့ ဂီတ၊ အက၊ စာပေ ဖက်တွင်လည်း အထူးဝါသနာကြီးသည်။ လက်တင်နှင့် ပြင်သစ် စာပေများကို ဆရာခေါ်ပြီး အိမ်တွင် သင်ကြားခဲ့သည်။ ကိန်းဘရစ်ချ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ၊ အောက်စဖို့ တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့များ ရပြီးနောက် လန်ဒန်ရှိ ဂရေးအင်းတွင် ဥပဒေပညာကို တစ်နှစ်ကြာ ဆည်းပူးခဲ့သေးသည်။
အသက် ၁၂ နှစ်တွင် ဖခင်ကွယ်လွန်ခဲ့သဖြင့် မိခင်က နောက်အိမ်ထောင်ပြုခဲ့သည်။ သို့သော် မိခင်၊ ပထွေးတို့နှင့် ကြာကြာမနေနိုင်သဖြင့် နန်းတွင်းသို့ မင်းမှုထမ်းအနေဖြင့် အခစားဝင်နေခဲ့သည်။ နန်းတွင်းတွင် အကြီးတော်တစ်ဦးပေးပြီး နေထိုင်စေသည်။ ထိုအကြီးတော်မှာ နောင်တွင် ဘဏ္ဏာရေးဝန်ကြီး ဝီလီယမ်စီလ်စီ ဖြစ်သည်။ ဘုရင်မ အဲလိဇဘတ်၏ အကြံပေးကောင်စီဝင်အဖြစ် နှစ်များစွာ ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။ မျိုးရိုးဂုဏ်ကြောင့် အက်ဒ်ဝပ် အား စီလ်စီ မိသားစုအဖြစ်ကဲ့သို့ နေထိုင်စေသည်။ (စီလ်စီအိမ်မှ ကျွန်တစ်ဦးကို သတ်ဖြတ်ဖူးသော်လည်း စီလ်စီ၏ ဩဇာကြောင့် အပြစ်ဒဏ်မကျပဲ လွတ်ခဲ့သည်ဟုဆိုကြသေးသည်။ သို့သော် မသေချာပေ။)
နှစ်အနည်းငယ်အတွင်း နန်းတွင်း အမှုထမ်းအဖြစ် ဘုရင်မ အဲလိဇဘတ် ထံတွင်အခစားဝင်သည်။ ထိုမှစကာ နိုင်ငံရေးအရ ထိပ်သီးပုဂ္ဂိုလ်များနှင့် ဆက်ဆံရင်းနှီးလာခဲ့ပြီး ဘုရင်မ၏ အရေးပေးခြင်းကိုလည်း ခံခဲ့ရသည်။ အသက် ၂၁ နှစ်တွင် အကြီးတော်၏ သမီး အန်းစီလ်စီနှင့် အိမ်ထောင်ပြုခဲ့သည်။ အသက် ၂၄ နှစ်တွင် ပြင်သစ်၊ ဂျာမနီ၊ အီတလီ အစရှိသဖြင့် ဥရောပတခွင် လှည့်လှည် ခရီးထွက်ခဲ့သည်။ ထိုနောက် ပြင်သစ်မှ အင်္ဂလန်သို့အပြန် ရေလက်ကြားတွင် ပင်လယ်ဓားပြများ ဖမ်းဆီးသည်ခံရပြီးနောက် ဘုရင်မနှင့် ရင်းနှီးသူ ဆွေကြီးမျိုးကြီး ဖြစ်သဖြင့် ပြန်လွတ်မြှောက်လာသည်။
အင်္ဂလန်ပြန်ရောက်ပြီးနောက် ဇနီးသည်မှာ ကလေးတစ်ယောက်နှင့် စောင့်နေသည်ကို သိရပြီး ကလေး၏ ဖခင်အရင်းမှာ မိမိမဟုတ်၊ ဇနီးက ဖောက်ပြန်ပြီးမွေးထားသည့် ကလေးဖြစ်သည်ဟုဆိုကာ လင်မယားကွဲသည်။ နောက် ၅ နှစ်ကြာပြီးမှသာ စွပ်စွဲချက်များကို ပြန်ရုပ်သိမ်းပြီး အန်းနှင့် ပြန်ပေါင်းသည်။
အိမ်ထောင်ကွဲအဖြစ် နေထိုင်နေစဉ်အတွင်း နန်းတွင်းအပျိုတော်တစ်ဦးနှင့် ငြိစွန်းပြီး ကိုယ်ဝန်ရကြောင်း ဘုရင်မကသိသဖြင့် ရာဇမာန်ရှကာ ၂ လနီးပါး ထောင်ချထားခဲ့သေးသည်။ ထိုနန်းတွင်းသူ မိန်းမပျိုဖက်မှ မခံမရပ်နိုင်သူများ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် နှစ်ဖက်အသိုင်းအဝန်းများ အပြန်အလှန် တိုက်ခိုက်ကြသောကြောင့် ဘုရင်မက သတိပေးတားမြစ်ရပြန်သည်။
အန်းနှင့် ပြန်လည်ပေါင်းသင်းပြီးနောက် ကလေး ၅ ယောက် ထပ်မံထွန်းကားသည်။ သို့သော် အန်း အသက် ၃၂ နှစ် အရောက်တွင် ရုတ်တရက်ကွယ်လွန်သဖြင့် အက်ဒ်ဝပ် နောက်အိမ်ထောင်ပြုသည်။
စီးပွားရေးအနေဖြင့် အက်ဒ်ဝပ်သည် အသုံးအဖြုန်းကြီးသူ ဖြစ်သဖြင့် များစွာကြွယ်၀ခြင်းမရှိဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် ဘုရင်မ အဲလိဇဘတ်က ထူးထူးခြားခြားပင် ရာသက်ပန်လစာဟုဆိုကာ ၁၅၈၆ ခုနှစ်မှစပြီး တစ်နှစ်လျှင် ပေါင် ၁၀၀၀ (ယခုခေတ် ပေါင် ၁၀၀၀၀၀နှင့် ညီသည်။) ပေးသည်။ ၁၆၀၃ ခုနှစ်တွင် ဘုရင်မနောက် နန်းတက်သည့် ဂျိမ်း(၁)ကလည်း ဆက်လက် ပေးသည်။ ထူးခြားမှုမှာ ထိုကဲ့သို့များပြားလှသည့် လစာအတွက် မည်သည့်တာဝန်မျှ မပေးထားခြင်းဖြစ်သည်။ (ထို့ကြောင့် အက်ဒ်ဝပ်မှာ ရှိတ်စပီးယားဖြစ်သည်ဟု ဆိုကြခြင်းဖြစ်သည်။ ဘုရင်မကြီးအား စာပေ၊ ပြဇာတ်များရေးသား၍ စိတ်ကျေနပ်ဖွယ် စွမ်းဆောင်နိုင်သည့်အတွက် ပေးခြင်းဖြစ်သည်ဟု နောက်လူတို့က ယူဆကြသည်။ ထို့ပြင် ဤမျှတော်သည့် စာရေးဆရာ ငါ့ထံတွင်ခစားနေသည်ဟု ကြွားဝါလိုသည်ကြောင့်လည်း ဖြစ်နိုင်သည်။)
ထိုအချိန်မှ စပြီး ၁၈ နှစ်အတွင်း အက်ဒ်ဝပ် နာမည်ဖြင့် စာမရေးတော့ပဲ နောင်သူကွယ်လွန်ပြီးမှ မည်သူမှန်းမသိသည့် ရှိတ်စပီးယား အမည်ဖြင့် စာပေများ၊ ကဗျာလင်္ကာများ ထွက်ပေါ်လာခဲ့သည်။ သက်ရှိထင်ရှား ရှိတ်စပီးယားအမည်ဖြင့် မည်သည့် စာပေမျှ မထွက်ခဲ့ပေ။ အကြောင်းမှာ ထိုခေတ်မင်းညီမင်းသား တစ်ဦးအနေဖြင့် မျိုးရိုးဂုဏ်ကိုစောင့်ထိန်းရမည့် တာဝန်ရှိသောကြောင့် ဇာတ်သဘင်သည် ဘဝဖြင့် နေထိုင်ရန်မသင့်၍ ဖြစ်သည်။
ရှိတ်စပီးယားအဖြစ်နှင့် လူမသိသည့် အက်ဒ်ဝပ်သည် ပလိပ်ရောဂါဆိုးကြီးကြောင့် ၁၆၀၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီး နောက် စထရပ်ဖို့ရွာအနီးရှိ ဟက်နီရှိ အိမ်ကြီးအနီးတွင် မြုပ်နှံခဲ့သည်။
သို့ဆိုလျှင် အက်ဒ်ဝပ်အနေဖြင့် ရှိတ်စပီးယားဖြစ်ကြောင်း အဘယ်ကြောင့် ဖုံးကွယ်ပြီးနေခဲ့သနည်းဟု စဉ်းစားရန် အကြောင်းများ ရှိနေပြီဖြစ်သည်။ သမိုင်းပညာရှင်များ ပြဆိုသည့် အကြောင်းပြချက်များမှာ
အထက်ပါအကြောင်းများမှာ ဖြစ်နိုင်ချေလည်း အတန်အသင့်ရှိသဖြင့် အက်ဒ်ဝပ်ဒီဗေရာ အား ဝီလီယံ ရှိတ်စပီးယား အဖြစ် အသိအမှတ် ပြုကြရခြင်းဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.