သင်္ဘော
ရေယာဉ်ကြီး / From Wikipedia, the free encyclopedia
သင်္ဘောဟုဆိုရာ၌ ရေနက်တွင် သွားလာနိုင်သော ရေယာဉ်အကြီးစားများကို ဆိုလို၍ ရှေးကပေါ်ခဲ့သော ရွက်လှေကြီးများမှအစ ယခုခေတ်ပေါ်ရေနွေးစက်၊ သို့မဟုတ် မော်တော်စက်စသည်တို့ဖြင့်ခုတ်မောင်းသော ပင်လယ်ကူးသင်္ဘောကြီးများအထိ ပါဝင်သည်။ လူတို့၏အသုံးလိုမှု ကိစ္စကိုလိုက်၍ လည်းကောင်း၊ လူတို့၏ပညာဗဟုသုတ တိုးတက်လိုမှုကိုလိုက်၍လည်းကောင်း လူတို့၏အသုံးအဆောင်၊ ပရိဘောဂတို့သည် တမျိုးထက်တမျိုး တခေတ်ထက်တခေတ် သာလွန်ကောင်းမွန်လာမြဲဖြစ်သည့်အတိုင်း ရေနက်သွား ပင်လယ်ကူးသင်္ဘောများသည်လည်း ရှေးခေတ်မှစ၍ တဖြည်းဖြည်း ထူးခြားတိုးတက်လာသည်ကို တွေ့ရပေသည်။ သင်္ဘောကို လှေနှင့် ခွဲခြားရာတွင် အရွယ်အစားပေါ်မူတည်၍ ခွဲခြားကြသည်။ သင်္ဘောကို ကန်များ၊ ပင်လယ်များနှင့် မြစ်များတွင် တွေ့ရနိုင်ပြီး၊ လူများနှင့် ကုန်စည်များကို သယ်ဆောင်ရန်၊ ငါးဖမ်းရန်၊ အပန်းဖြေရန်၊ ပြည်သူတို့၏ အန္တရာယ်ကင်းရှင်းရေးနှင့် စစ်ဘက်သုံး တိုက်ခိုက်ရန်အတွက် စသည့်ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသည်။
Container ship, Reecon Whale, on the Black Sea near Constanța, Romania. | |
အထွေထွေ အချက်အလက်များ | |
---|---|
တန်ချိန်: | greater than တမ်းပလိတ်:DWT |
တွန်းအား: | steam turbine (fossil fuel, nuclear), diesel, gas turbine, sterling, steam (reciprocating) |
Sail plan: | for sailing ships – two or more masts,[ကိုးကားချက်လိုသည်] variety of sail plans |
သင်္ဘောများနှင့် လှေများသည် လူတို့၏တိုးတက်ပြောင်းလဲမှုနှင့် အတူဖြစ်ပေါ်လာခဲ့သည်။ အရေးပါသော စစ်ပွဲများနှင့် နေ့စဉ်ဘဝတို့တွင် သုံးစွဲမှု တို့ကြောင့် ၎င်းတို့သည် ခေတ်သစ် စစ်ရေးနှင့် စီးပွားရေးစနစ်တို့၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ငါးဖမ်းသမားတို့သည် ငါးဖမ်းလှေများကို အသုံးပြုကြသည်။ စစ်တပ်များသည် အလွန်ခေတ်မီသော ရေယာဉ်များကို သုံးစွဲ၍ ကမ်းပေါ်ရှိ စစ်အင်အားများကို ထောက်ပံ့ခြင်းနှင့် ပို့ဆောင်ခြင်းတို့ ပြုလုပ်ကြသည်။ ၃၅၀၀၀ နီးပါများရှိသော ကုန်သွယ်သင်္ဘောများသည် ၂၀၀၇−ခုနှစ်တွင် ကုန်စည်ဘီလီယံပေါင်းများစွာကို သယ်ယူပို့ဆောင်ပေးခဲ့သည်။
ထိုရေယာဉ်များသည် ကြီးကျယ်သော စွန့်စားရှာဖွေမှုများနှင့် သိပ္ပံနှင့်နည်းပညာတိုးတက်မှု တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။ ကျန်ဟီတို့ ကဲ့သို့သော ရေကြောင်းသွားလာသူတို့သည် သံလိုက်အိမ်မြှောင်နှင့် ယမ်းမှုန့်အစရှိသည့် တီထွင်မှု တို့ကို နေရာအနှံ့အပြား ပျံ့နှံ့စေခဲ့သည်။ တဖက်က ကြည့်လျှင် သင်္ဘောများကို ကိုလိုနီနယ်ချဲ့ခြင်း နှင့် ကျွန်ကုန်ကူးခြင်းတို့တွင် အသုံးပြုခဲ့ကြသည်။ အခြားတဖက်တွင်မူ ၎င်းတို့သည် သိပ္ပံဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာ နှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။
သောဟေယာဒယ်မှ သူ၏ သေးငယ်သော လှေငယ် ကွန်တီကီဖြင့် သရုပ်ပြခဲ့သည့်ပမာပင် ရိုးစင်းသော သစ်သားဖောင်ကလေးတစ်ခုဖြင့်ပင် ကြီးကျယ်ခမ်းနားသော အရာများစွာကို လုပ်ကိုင်နိုင်သည်။ ကျောက်ခေတ်အလယ်ပိုင်း၊ ကနူးလှေများမှ ယနေ့အသုံးပြုနေသော နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော များအထိသည် လူတို့၏သမိုင်းကို ပြောပြနေကြသည်။