ဟန် ဧကရာဇ် ကောင်းကျူ
ဟန်မင်းဆက်ကို တည်ထောင်ခဲ့သူ ဧကရာဇ် (၂၅၆ ဘီစီ – ၁၉၅ ဘီစီ) / From Wikipedia, the free encyclopedia
ဟန် ဧကရာဇ် ကောင်းကျူ (တရုတ်: 汉高祖;၂၅၆ ဘီစီ – ၁ ဇွန်လ ၁၉၅ ဘီစီ), ငယ်မည် လျိုပန်း (刘邦) သည် ဟန်နိုင်ငံတော် ၏ ပထမဆုံး ဧကရာဇ် နှင့် ဟန်မင်းဆက်ကို ထူထောင်သူဖြစ်ကာ ၂၀၂ ဘီစီ မှ ၁၉၅ ဘီစီ ထိ အုပ်ချူပ်စိုးစံခဲ့သည်။ သူသည် တရုတ်ပြည် သမိုင်းတွင် သာမန် အညတရ ဘဝမှ နိုင်ငံတည်ထောင်သူ တစ်ဦးလည်းဖြစ်သည်။[6]
ဟန် ဧကရာဇ် ကောင်းကျူ 漢高祖 | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ဧကရာဇ် ကောင်းကျူ ၏ ပုံတူ | |||||||||||||
တရုတ်ပြည်၏ ဧကရာဇ် | |||||||||||||
နန်းသက် | ၂၈ ဖေဖော်ဝါရီလ ၂၀၂ ဘီစီ – ၁ ဇွန် ၁၉၅ ဘီစီ | ||||||||||||
နောက်မင်းဆက် | ဟန် ဧကရာဇ် ဟွီ | ||||||||||||
ဟန် နိုင်ငံ ၏ ဧကရာဇ် (漢王) | |||||||||||||
နန်းသက် | မတ်လ ၂၀၆ ဘီစီ – ၂၈ ဖေဖော်ဝါရီလ ၂၀၂ ဘီစီ | ||||||||||||
မွေးဖွား | ၂၅၆ ဘီစီ[1] (သို့) ၂၄၇ ဘီစီ[2] ဖန်းမြို့, ပေ့ခရိုင်, ချူပြည်နယ်[3] | ||||||||||||
ကွယ်လွန် | ၁၊ ဇွန်လ ၁၉၅ ဘီစီ (အသက် ၆၀ - ၆၁ / ၅၁ - ၅၂) ချန်အန်း၊ ဟန် ဧကရာဇ် နိုင်ငံတော် | ||||||||||||
အိမ်ထောင်ဖက် | see #မိသားစု နှင့် ဆွေမျိုး စာရင်း | ||||||||||||
သားသမီးများ | see #မိသားစု နှင့် ဆွေမျိုးစာရင်း | ||||||||||||
| |||||||||||||
စံအိမ် | လျိုအိမ်တော် | ||||||||||||
ခမည်းတော် | လျိုတိုင်ကုန်း | ||||||||||||
မယ်တော် | လျိုအာအို |
ဟန် ဧကရာဇ် ကောင်းကျူ | |||||||||||||||||||||
ရိုးရာ တရုတ် | 漢高祖 | ||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 汉高祖 | ||||||||||||||||||||
ဆိုလိုရင်း | "High Ancestor of Han" | ||||||||||||||||||||
| |||||||||||||||||||||
Liu Bang (personal name) | |||||||||||||||||||||
ရိုးရာ တရုတ် | 劉邦 | ||||||||||||||||||||
ရိုးရှင်းသော တရုတ် | 刘邦 | ||||||||||||||||||||
|
အာဏာမရမီ လျိုပန်းသည် ချင်မင်းဆက်တွင် သာမန် ကင်းလှည့်အရာရှိ တစ်ဦးအဖြစ် သူ၏ မွေးရပ်မြေ ချူပြည်နယ်မှ ပေ့ခရိုင်တွင် တည်ရှိသော သူ၏ မွေးရပ်မြို့တွင် အမှုထမ်းခဲ့သည်။ ပထမဆုံး ဧကရာဇ် ၏ သေဆုံးမှု နှင့် ချင် ဧကရာဇ် နိုင်ငံတော် ၏ နိုင်ငံရေး အရှုပ်အထွေးများ ဖြစ်ပွားလာသောအခါ လျိုပန်းသည် သူ၏ အစိုးရ ရာထူးမှ နုတ်ထွက်ပြီး ချင်ကို ပုန်ကန်သည့် ခေါင်းဆောင် အဖြစ် ခံယူခဲ့သည်။ သူသည် အခြားပုန်ကန်သူတစ်ဦးဖြစ်သူ ရှန်းယု အား ချင်၏ အဓိက မြေ ကို ကျူးကျော်ရာတွင် အသာစီးရယူနိုင်ခဲ့ပြီး ချင်၏ နောက်ဆုံး ဧကရာဇ် ၏ နန်းစွန့်မှုကို လက်ခံခဲ့သည်။
ချင်နိုင်ငံ ကျဆုံးပြီးနောက် ပုန်ကန်သူ တပ်ဖွဲ့တို့၏ တရားဝင်မဟုတ်သော်လည်း တင်မြှောက်ထားသော ခေါင်းဆောင်သဖွယ် ဖြစ်နေသော ရှန်းယုသည် ယခင် ချင်ဧကရာဇ် နိုင်ငံတော်ကို နိုင်ငံ ၁၈ နိုင်ငံ အဖြစ် ပိုင်းခြားလိုက်ပြီး လျိုပန်းကို "ဟန်ဘုရင်"(တရုတ်: 漢王; ပင်ယင်: Hàn Wáng) ဟူသော ဘွဲ့ပေးကာ နွမ်းပါးခေါင်းပါးလှသည့် ပါးရှု နယ်မြေ( ယခုခေတ် စီချွမ် နှင့် ချုံချင်း) တို့ကို အတင်း အဓမ္မ လက်ခံစေခဲ့သည်။ ထိုနှစ်တွင်ပင် လျိုပန်းသည် သူ၏ စစ်တပ်ကို ဦးဆောင်ကာ ချင်သုံးနယ် ကို သိမ်းလိုက်ခြင်းဖြင့် များပြားလှသော စစ်အင်အားစုတို့သည် တရုတ်ပြည်ကို အုပ်စိုးရန်အတွက် စစ်ခင်းကြသောကြောင့် ချူ နှင့် ဟန် ယှဉ်ပြိုင်မှု ဟု လူသိများသည့် ပြည်တွင်းစစ်ကို စတင်ခဲ့သည်။
၂၀၂ ဘီစီတွင် လျိုပန်းသည် ဂိုင်းရှား တိုက်ပွဲ ကို အောင်နိုင်ခြင်းဖြင့် ရှန်းယု ကို အနိုင်ယူကာ တရုတ်ပြည်လုံးကို စုစည်းနိုင်ခဲ့ပြီး ဟန်မင်းဆက်ကို ပထမဆုံးတည်ထောင်သူ ဧကရာဇ် အဖြစ် ထူထောင်ခဲ့သည်။ သူ၏ နန်းသက် တစ်လျှောက်တွင် လျိုပန်းသည် အခမဲ့ အလုပ်ခိုင်းစေခြင်း တို့ကို လျှော့ချခဲ့ပြီး ကွန်ဖြူးရှပ် ဝါဒ ကို တိုးတက်စေကာ အခြားသော လုပ်ဆောင်မှုများတွင် လျိုမျိုးနွယ် မဟုတ်သည့် လက်အောက်ခံ နယ်များမှ ပုန်ကန်မှုများကို နှိမ်နင်းခဲ့သည်။ သူသည် လက်ထပ်ခြင်းဖြင့် မဟာမိတ်ခြင်း ကိုလည်း ဟန်ဧကရာဇ် နိုင်ငံတော် နှင့် ရှုံးနူ အကြားတွင် ဟန်ပြ ငြိမ်းချမ်းရေး တစ်ရပ် ကိုလည်း ၂၀၂ ဘီစီတွင် ပိုင်ဒန်း စစ်ပွဲ ကိုရှုံးနိမ့်ပြီးနောက် အစပြု ပြဋ္ဌာန်းစေခဲ့သည်။ လျိုပန်းသည် ၁၉၅ ဘီစီတွင် ကွယ်လွန်ပြီး သားတော် လျိုရင်းသည် ထီးနန်းကို ဆက်ခံခဲ့သည်။