From Wikipedia, the free encyclopedia
ကိုရီးယားအက္ခရာကို ဟန်ဂုလ် ဟု ခေါ်ကြသည်။ ကိုရီးယားအက္ခရာကို တောင်ကိုရီးယားနိုင်ငံတွင် ဟာန်ဂုလ် ဟုခေါ်ကြသော်လည်း မြောက်ကိုရီးယားနိုင်ငံတွင်မူ ဂျိုဆွန်းဂုလ် ဟု ခေါ်ကြသည်။ ဟန်းဂုလ်သည် ကိုရီးယားဘာသာ၏ မူရင်းအက္ခရာဖြစ်သည်။[1] ၎င်းကို ၁၄၄၃ခုနှစ် ဂျိုဆွန်းမင်းဆက်အတောအတွင်း တီထွင်ခဲ့ကြပြီး ယခုအချိန်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံလုံး၏ တရားဝင်အက္ခရာအဖြစ်အသုံးပြုလျက်ရှိပြီး တရုတ်နိုင်ငံ ဂျင်းလင်းပြည်နယ်၏ ယန်ဘီယမ်ကိုရီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရုံးသုံးစာအဖြစ်လည်း သတ်မှတ်ထားသည်။
ကိုရီးယား အက္ခရာ 한글 / 조선글 Hangul (Hangeul) / Chosŏn'gŭl | |
---|---|
"Chosongeul" (top) and "Hangeul" | |
အမျိုးအစား | အက္ခရာ |
ဘာသာစကားများ |
|
ဖန်တီးသူ | Sejong of Joseon |
အချိန်ကာလ | ၁၄၄၃–လက်ရှိ |
ပုံနှိပ်အခြေခံ |
|
လားရာ | ဘယ်မှ ညာ |
ISO 15924 | Hang, 286
|
Unicode alias | Hangul |
ယူနီကုတ်အကွာအဝေး |
|
ဟန်းဂုတွင် သရနှင့် ဗျည်းအက္ခရာ ၂၄လုံး ရှိသည်။ ကိုရီးယားစာကို အတုံးအဝိုင်းများဖြင့် အုပ်စုဖွဲ့ရေးသားရသည်။ ဥပမာ 한 (ဟာန်)။ ထို 한 (ဟာန်) ဟူသော စာလုံးတွင် ဝဏ္ဏသံတစ်သံသာ အသံထွက်ရသဖြင့် အက္ခရာတစ်လုံးတည်းနှင့် တူသော်လည်း အမှန်စင်စစ်အားဖြင့် ထိုစာလုံးတွင် ㅎ(ဟ) ၊ ㅏ (ာ) နှင့် ㄴ (န်) ဟူသော အက္ခရာသုံးလုံးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုအတုံးအဝိုင်းများသည် အလျားလိုက်ဖြင့် ဘယ်ဘက်မှ ညာဘက် သို့မဟုတ် ဒေါင်လိုက်ဖြင့် အထက်မှ အောက်သို့ စီ၍ ရေးသားရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ၁၉၁၂ခုနှစ်၌ ဂျူ ရှီဂျောင်သည် ဟန်ဂုလ် (한글) ဟူသော ဝေါဟာရကို တီထွင်ခဲ့သည်။ ဟန် (한) ဟူသောစာလုံး၏ အဓိပ္ပာယ်သည် "ကြီးမြတ်သော" ဖြစ်ပြီး ဂုလ် (글) သည် "ကိုရီးယားမူရင်းအက္ခရာ"ကို ဆိုလိုသည်။ ထို့ကြောင့် ဟန်ဂုလ် (한글) ဟူသောစာလုံးသည် "မြင့်မြတ်သော အက္ခရာ"[2] ဟု အဓိပ္ပာယ်ရသည်။
မြောက်ကိုရီးယားများသည် ကိုရီးယားအက္ခရာကို ကိုရီးယားအမည်ကွဲပြားမှုနှင့် ပတ်သက်၍ ဂျိုဆွန်းဂုလ်ဟုခေါ်ခြင်းကို ပို၍ နှစ်သက်ကြသည်။
ဂျိုဆွန်းမင်းဆက်၏ လေးယောက်မြောက်ဖြစ်သော ဘုရင် မဟာဆယ်ဂျုံးသည် ဟန်းဂုလ်အက္ခရာကို ပြဋ္ဌာန်းခဲ့သည်။ ဟန်းဂုလ်အက္ခရာ၏ မူလရင်းမြစ်သည် အလယ်အာရှ၏ အက္ခရာများ၏ အစိတ်အပိုင်းဖြစ်သည်ကို တွေ့ရှိရသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.