အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ
From Wikipedia, the free encyclopedia
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (Comite International Olympique) သည် ဆွစ်ဇာလန်နိုင်ငံ Lausanne ၌ အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ IOC အား ပြင်သစ်လူမျိုး သမိုင်းပညာရှင် ပီယဲ ကူဘာတင် (Pierre de Coubertin) က ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဂရိလူမျိုး စီးပွားရေးလုပ်ငန်းရှင် Demetrios Vikelas က ပထမဦးဆုံးသော ဥက္ကဋ္ဌအဖြစ် ထမ်းရွက်ခဲ့သည်။ ယနေ့တွင် အဖွဲ့ဝင် အမျိုးသားအဆင့် အိုလံပစ်ကော်မတီ (National Olympic Committee, NOC) ၂၀၅ ဖွဲ့ ရှိပြီဖြစ်သည်။
ဆောင်ပုဒ် | Citius Altius Fortius |
---|---|
ဖွဲ့စည်းခြင်း | 23 June 1894 |
အမျိုးအစား | အားကစား အဖွဲ့ချုပ် |
ဌာနချုပ် | Lausanne၊ ဆွစ်ဇာလန်နိုင်ငံ |
အဖွဲ့ဝင်များ | ၂၀၅ အမျိုးသားအဆင့် ကော်မတီ |
ရုံးသုံးဘာသာစကား | ပြင်သစ်၊ အင်္ဂလိပ် နှင့် လိုအပ်ပါက အိမ်ရှင်နိုင်ငံ၏ ရုံးသုံးဘာသာစကား |
ဥက္ကဋ္ဌ | Jacques Rogge |
ဝက်ဘ်ဆိုဒ် | www.Olympic.org |
၄ နှစ်တစ်ကြိမ် ကျင်းပသော နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်များကို IOC မှ ကြီးကြပ်ကွပ်ကဲသည်။ IOC မှ ပထမဦးဆုံးအကြိမ် စီစဉ်ကြီးကြပ်သည့် နွေရာသီ အိုလံပစ်ပွဲတော်ကို ၁၈၉၆ ခုနှစ်တွင် ဂရိနိုင်ငံ၊ အေသင်မြို့၌ ကျင်းပခဲ့သည်။ ပထမဦးဆုံးအကြိမ် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကိုမူ ၁၉၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ Chamonix ၌ ကျင်းပခဲ့သည်။ နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ်ကို တစ်နှစ်တည်းတွင် ကျင်းပခဲ့သည်မှာ ၁၉၉၂ ခုနှစ်အထိ ဖြစ်သည်။ ထို့နောက် IOC က စီစဉ်ပြင်ဆင်ရန် အချိန် လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဆောင်းရာသီ အိုလံပစ်အား နွေရာသီအိုလံပစ်နှင့် ၂ နှစ်ခြား ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။