အိမ်ဖြူတော်
အမေရိကန်သမ္မတ၏ တရားဝင်နေအိမ်နှင့်ရုံးနေရာ / From Wikipedia, the free encyclopedia
အိမ်ဖြူတော်သည် အမေရိကန် သမ္မတ၏ တရားဝင်စံအိမ် နှင့် အလုပ်တက်ရာရုံး ဖြစ်ပြီး အမှတ် ၁၆၀၀ ပင်စီဗေးနီးယားရိပ်သာလမ်း၊ ဝါရှင်တန်ဒီစီတွင် တည်ရှိသည်။ အိမ်ဖြူတော်ကို အိုင်ယာလန်တွင်မွေးဖွားသည့် ဗိသုကာပညာရှင် ဂျိမ်းစ် ဟိုဘန်က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၇၉၂ မှ ၁၈၀၀ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့သည်။ အခြေခံအားဖြင့် အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်ရေး မဏ္ဍိုင်တွင် အာဏာအမြင့်ဆုံးတည်ရှိရာ ရုံးအဆောက်အဦးလည်း ဖြစ်ပေသည်။
အိမ်ဖြူတော် The White House | |
---|---|
အိမ်ဖြူတော်၏ တောင်ဘက်မျက်နှာစာ | |
အထွေထွေ အချက်အလက်များ | |
မြို့ | ၁၆၀၀ ပန်ဆယ်ဗေးနီးယား ရိပ်သာလမ်းမကြီး၊ ဝါရှင်တန် ဒီစီ၊ ၂၀၅၀၀ |
နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
ကိုဩဒိနိတ် | 38°53′51.61″N 77°2′11.58″W |
တည်ဆောက်မှု စတင် | ၁၇၉၂ အောက်တိုဘာ ၁၃ |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | ဂျိမ်းစ် ဟိုဘန် (James Hoban) |
ပထမဆုံး သမ္မတဖြစ်သည့် ဂျော့ချ် ဝါရှင်တန် လက်ထက်တွင် စတင်အုပ်မြစ်ချခဲ့ပြီး ရှစ်နှစ်အကြာ ဒုတိယမြောက် သမ္မတ ဂျွန် အဒမ်စ် လက်ထက်တွင်မှာ အကြမ်းထည် ပြီးစီးသည်။ ၁၊ နိုင်ဝင်ဘာ၊ ၁၈၀၀ပြည့်နှစ်တွင်မှ သမ္မတဂျွန် အဒမ်စ်က စတင်ပြောင်းရွှေ့နေထိုင်ရာမှာ အိမ်ဖြူတော်သည် တရားဝင် သမ္မတစံအိမ်၊ အုပ်ချုပ်ရေးရုံးဖြစ်လာသည်။ အဒမ်စ် အနေဖြင့်လည်း ပထမဆုံး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်သည့် သမ္မတအဖြစ် မှတ်တမ်းဝင်သည်။ (ပထမမြို့တော်မှာ နယူးယောက်မြို့၊ ထိုနောက် ဖီလာဒဲဖီးယားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှ ဝါရှင်တန်ဒီစီ ရှိ အိမ်ဖြူတော်သို့ ရောက်လာခြင်းဖြစ်သည်။)