အေဘရာဟမ် လင်ကွန်း
နိုင်ငံရေးသမားနှင့် အမေရိကန် ၁၆ ယောက်မြောက် သမ္မတ / From Wikipedia, the free encyclopedia
အမေရိကန်သမိုင်းတွင် ပထမဆုံးသော သမ္မတဖြစ်သည့် ဂျော့ချ်ဝါရှင်တန် မှလွဲလျှင် အကြီးမြတ်ဆုံး၊ အလေးစားခံထိုက်ဆုံးသော သမ္မတကို ပြပါဆိုလျှင် အေဘရာဟမ်လင်ကွန်းသာ ရှိတော့သည် ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် ကို အဆုံးသတ်ပေးသူ၊ ကျွန်စနစ်ကို ဖျက်သိမ်းပေးသူ၊ ပြည်ထောင်စု နှစ်ခြမ်းကွဲမည့် အဖြစ်မှ ဆယ်ယူသူ စသည်ဖြင့် များမြောင်လှသည့် ဂုဏ်ဒြပ်တို့သည် လင်ကွန်း၏ ထင်ရှားသော အချက်များဖြစ်ကြသည်။ အရပ်ကလန်ကလား၊ မုတ်ဆိတ်မွေးဗလပစ်၊ ရှည်ငေါငေါမျက်နှာ၊ ကိုယ့်ကိုယ်ကို အေ(A) ဟုနာမ်စားသုံးလေ့ရှိသူ စသဖြင့် ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက်များလည်း ရှိသေးသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(၂၁ ဒီဇင်ဘာ ၂၀၁၈) |
အေဘရာဟမ် လင်ကွန်း Abraham Lincoln (၁၈၀၉-၁၈၆၅) | |
မွေးနေ့ | (1809-02-12)ဖေဖော်ဝါရီ ၁၂၊ ၁၈၀၉ |
မွေးရပ် | ဟာဒင်းကောင်တီ၊ ကင်တက်ကီပြည်နယ်၊ အမေရိကန်။ |
ကွယ်လွန်နေ့ | ဧပြီ ၁၅၊ ၁၈၆၅(1865-04-15) (အသက် ၅၆) |
ကွယ်လွန်ရပ် | ဝါရှင်တန်ဒီစီ |
အခြားအမည် | |
လူသိများရခြင်း | အမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက်သမ္မတ၊ ပြည်တွင်းစစ်ကို အောင်နိုင်သူ၊ ကျွန်စနစ်ပပျောက်အောင်ဦးဆောင်သူ |
အလုပ်အကိုင် | အမေရိကန်သမ္မတ |
ရာထူးသက်တမ်းကာလ | ၄၊ မတ်၊ ၁၈၆၁- ၁၅၊ ဧပြီ၊ ၁၈၆၅ |
ဒုတိယ သမ္မတ | ဟာနီဘယ်လ် ဟမ်းလင်း (၁၈၆၁-၁၈၆၅)
|
လွှဲအပ်သူ | ဂျိမ်းစ် ဘွတ်ခ်နန် |
ဆက်ခံသူ | အင်ဒရူး ဂျွန်ဆင် |
နိုင်ငံသား | အမေရိကန် နိုင်ငံ |