ဩစတြေးလျတိုက်
တိုက် / From Wikipedia, the free encyclopedia
ဩစတြေးလျတိုက်သည် တောင်ကမ္ဘာလုံးခြမ်းတွင် တည်ရှိကာ ကမ္ဘာ့ အသေးဆုံး တိုက်ဖြစ်ပြီး အဓိက ကျွန်းကြီးဖြစ်သော တက်စ်မေးနီးယား ကျွန်းနှင့် ပစိဖိတ်နှင့် အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်များ ပါဝင်သည်။ ကမ္ဘာ၏တောင်ဘက်ခြမ်း ပစိဖိတ်သမုဒ္ဒရာထဲတွင် ပကတိ အထီးတည်း ကျွန်းကြီးသဖွယ်တည်ရှိသော ဩစတြေးလျတိုက်သည် တိုက်ကြီးခြောက်တိုက်တွင် အငယ်ဆုံးဖြစ်သည်။ ယင်းနှင့် အနီးဆုံးဖြစ်သော အာရှတိုက်နှင့်ပင် မိုင်၁၈ဝဝ ဝေး သည်။ ထို့ကြောင့်ပင် ဩစတြေးလျတိုက်ကို နောက်ဆုံးမှ လူတို့ တွေ့ရှိခဲ့ခြင်းဖြစ်လေသည်။
ဧရိယာ | ၈,၆၀၀,၀၀၀ km2 (၃,၃၀၀,၀၀၀ sq mi) (7th) |
---|---|
လူဦးရေ | ၃၆,၀၀၀,၀၀၀ (ဩစတြေးလျနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ၊ ပါပူအာ (အင်ဒိုနီးရှား)၊ အနောက်ပါပူအာ (အင်ဒိုနီးရှား)၊ မလုကာကျွန်းစု၊ တီမော၊ ဟယ်မဟီရကျွန်း များ၏ ခန့်မှန်းလူဦးရေ (၂၀၀၉)) |
လူဦးရေ သိပ်သည်းမှု | ၄.၂/km2 (၁၁/sq mi) |
Demonym | Australian |
နိုင်ငံများ | ၄ (ဩစတြေးလျနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ၊ အရှေ့တီမောနိုင်ငံ* နှင့် အင်ဒိုနီးရှားနိုင်ငံ၏ အစိတ်အပိုင်းအချို့) |
အချိန်ဇုန်များ | GMT+10, GMT+9.30, GMT+8 |
အင်တာနက်ဒိုမိန်း | .au, .pg, .tl, .tp and .id |
အကြီးဆုံးမြို့များ | စာရင်း
|
အရှေ့နှင့်အနောက်သို့ အရှည်ဆုံးနေရာတွင် ၂,၄၈၅ မိုင်ရှိ၍ တောင်နှင့်မြောက်သို့ အကျယ်ဆုံးနေရာတွင် ၁,၉၅၈ မိုင် ကျယ်ဝန်းသည်။ တက်စမေးနီးယာကျွန်း အပါအဝင် စုစုပေါင်း ၂၉၇၄,၅၈၁ စတုရန်းမိုင်ကျယ်ဝန်းသည်။ ဩစတြေးလျတိုက်သည် ကမ္ဘာ၏တောင်ဘက်ခြမ်းပစိဖိတ် သမုဒ္ဒရာထဲ၌ တည်ရှိ၍ တောင်လတ္တီတွဒ် ၁ဝ° မှ ၄၅°° အတွင်းနှင့် အရှေ့လောင်ဂျီတွဒ် ၁၁၄° မှ ၁၅၄°အတွင်း၌ ရှိလေသည်။
ဩစတြေးလျတိုက်၏ ပင်လယ်ကမ်းရိုးတန်းသည် အရှည် မိုင်တစ်သောင်းနှစ်ထောင်မျှသာ ရှိသည်။ အငူများ၊ ပင်လယ်အော်များ အလွန်နည်းသည်။ ပင်လယ်လက်ကြား ဟူ၍လည်း မြောက်ဘက်၌ ကာပင်တေးရီးယားပင်လယ်ကွေ့ရှိ၍ တောင်ဘက်၌ ဂရိတ် ဩစတြေးလီးယန်းဗိုက်ရှိသည်။ အရှေ့မြောက် ကမ်းခြေနှင့် မိုင် ၃ဝ မှ ၇ဝ ကွာဝေးသောနေရာ၌ မိုင် ၁၂၅ဝ ရှိသော ဂရိတ်ဗယ်ရီယာရိခေါ် သန္တာကျောက်တန်းကြီးရှိ၏။ အရှေ့တောင်ကမ်းရိုးတန်းတွင် သင်္ဘောဆိပ်ကောင်းများရှိ၍ ကမ်းရိုးတန်းအနီး တစ်လျှောက်တွင် ကျွန်းကလေး များစွာရှိလေသည်။ ဩစတြေးလျတိုက်အနီးရှိသော ကျွန်းများအနက် မြောက်ဘက်ရှိ နယူးဂင်းနီကျွန်းနှင့် တောင်ဘက်ရှိ တက်စမေးနီးယားကျွန်းတို့သည် ထင်ရှားသည်။