မြေငလျင် From Wikipedia, the free encyclopedia
လှုပ်သောနေရာ | တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချင်းဟိုင်ပြည်နယ်၊ ယွိရှုခရိုင်။ |
---|---|
လှုပ်သောအချိန် | ဂရင်းနစ်စံတော်ချိန် ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၃ ရက်
ည ၁၁ နာရီ ၄၉မိနစ် ၃၇ စက္ကန့်။ |
ဒေသစံတော်ချိန် | ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၄ ရက် နံနက် ၇ နာရီ ၄၉ မိနစ်။ |
ငလျင်ပြင်းအားပမာဏ | ရစ်ချ်တာစကေး ၆.၉ သို့မဟုတ် ၇.၁ |
ငလျင်ဗဟိုချက်မ | ရိမာရွာ၊ အထက်လားရှို့မြို့နယ်၊ ယွိရှုခရိုင်။
(တိဘက်ကုန်းမြင့်ဒေသ၏လူဦးရေထူထပ်သောဒေသ) |
ငလျင်ဖြစ်ပွားရာအနက် | ၁၀ကီလိုမီတာ (၆မိုင်)[1][2] |
ယနေ့ထိအတည်ပြုပြီး
သေဆုံးသူဦးရေ |
၂,၀၆၄ ယောက် |
ယနေ့ထိဒဏ်ရာရသူဦးရေ | ၁၂,၀၈၈ ယောက် |
ပျောက်ဆုံးနေသူဦးရေ | ၂၅၆ ယောက် |
အိုးမဲ့အိမ်မဲ့ဖြစ်ရသူ | ၁ သိန်းကျော် |
ချင်းဟိုင်ပြည်နယ်သည် တိဘက်ကုန်းပြင်မြင့်ဒေသ၏ အရှေ့မြောက်စွန်းတွင် တည်ရှိသည်။ ဘူမိဗေဒသဘောအရ အိန္ဒိယကျောက်ချပ်ကြီးနှင့် ယူရေးရှန်းကျောက်ချပ်ကြီးတို့ ဆုံရာဒေသဖြစ်သောကြောင့် ငလျင်ကြောဒေသဖြစ်သည်။ ယခုငလျင်သည် ယွိရှုပြတ်ရွေ့ကြောပေါ်တွင်ဖြစ်ပွားခဲ့သည်။ ယင်းသည် နာမည်ကြီး ခွန်းလွန်ပြတ်ရွေ့ကြောမှ တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့် (၁၈၆မိုင်) အကွာအဝေးတွင် တည်ရှိသည်။ ငလျင်မကြာခဏလှုပ်လေ့ရှိသောဒေသဖြစ်ပြီး ပြင်းအားအဆင့်(၇)ထက်ကျော်သောငလျင်ကြီးများ မှတ်တမ်းအရသိရသည်။
စာသင်ကျောင်းပေါင်း (၁၁)ကျောင်းပျက်စီးသွားသည်။ ဂျဲဂူမြို့တွင် အဆောက်အဦး ၈၅% ပြိုကျပျက်စီးခဲ့သည်။ ယွိရှုမှ ၁၅ကီလိုမီတာအကွာတွင်ရှိသော ယန်စီမြစ်၏ မြစ်လက်တက်ဖြစ်သည့် ပါးထန်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ချန်းကူရေလှောင်တမံသည်လည်း ပျက်စီးခဲ့သည်။ အပူချိန်မှာ ၆ ဒီဂရီ စင်တီဂရိတ်မျှသာရှိသောကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှင့် ဒေသခံ တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။
တရုတ်သမ္မတ ဟူကျင်ထောင်းနှင့် ဝန်ကြီးချုပ် ဝမ်ကြားပေါင်တို့က ကယ်ဆယ်ရေးလုပ်ငန်းများ အစွမ်းကုန်လုပ်သွားကြရန် အမိန့်ပေးထားသည်။ ဒုတိယဝန်ကြီးချုပ် ဟွေးလျန်ယွိအားချက်ချင်းစေလွှတ်ခဲ့သည်။ ဧပြီလ(၁၅)ရက်နေ့ (ဒေသစံတော်ချိန်ဧပြီလ ၁၆ရက်နေ့) တွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။ အမေရိကန်ကြက်ခြေနီအသင်းက ကနဦးအလှူငွေ အမေရိကန်ဒေါ်လာ ၅သောင်းကို ချင်းဟိုင်ပြည်နယ်အစိုးရသို့ ပေးအပ်ခဲ့သည်။
ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်ပွားများ အများအပြားထပ်မံလှုပ်ခဲ့သည်။ ပြင်းအားအဆင့်(၄)ထက်ကျော်သော ငလျင်များကို ဇယားတွင် ပြသထားသည်။
ရက်စွဲ (နှစ်၊ လ၊ ရက်) | အချိန် (UTCအချိန်) | လတ္တီကျု | လောင်ဂျီကျု | အနက် | ပြင်းအား |
---|---|---|---|---|---|
2010-04-13 | 21:40:00 | 33.183° N | 96.623° E | 12 miles | 5.0 (Mw) |
2010-04-13 | 23:49:37 | 33.271° N | 96.629° E | 6 miles | 6.9 (Mw) |
2010-04-14 | 00:01:16 | 32.693° N | 96.872° E | 6 miles | 5.3 (Mw) |
2010-04-14 | 00:12:25 | 33.030° N | 96.560° E | 6 miles | 5.2 (Mw) |
2010-04-14 | 01:25:15 | 33.179° N | 96.448° E | 2 miles | 5.8 (Mw) |
2010-04-14 | 03:15:46 | 32.891° N | 96.482° E | 6 miles | 4.7 (Mw) |
2010-04-14 | 12:19:35 | 33.077° N | 96.846° E | 6 miles} | 4.1 (Mw) |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.