မုခ်ဝ:မြန်မာနိုင်ငံ
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
- Image 1
- စေတီပုထိုးအမှတ် = ၁/၁(က)
:“ထီး မဆိုင်း၊ တံတိုင်းမှာရိပ်တည်။
:မလွင့် ရွှေလှောင်ပ၊ ဗိုလ်သောင်းထောင်ဝင်
:မကျပ်သည့်ပြင်၊ ဆွမ်းကပ်သူ လက်မဦး နိုင်ဘု၊
:မထူးမြည်ကြာဟီး၊ ထီးတော့ ရွှေစည်။
:မြင့်ဝှမ်းယောင် ထင်စနိုးရသည့်၊ မိုးကပ်ပြု ရေအရည်၊
:အနည်းမျှ မကြွင်း၊ ချယားပင် ဒွါဒသင်ခါမလင့်ပြီဘု၊
:ဖူးပွင့်ကြူထုံတဲ့၊ ဇေယျခုံ အံ့ဖွယ်ကိုးကို တိုးခဝပ်စင်း”ဟု
ကင်းဝန်မင်းကြီးက စပ်ဆို ပူဇော်ခဲ့သော အံ့ကိုးပါးနှင့် ပြည့်စုံတော်မူသည့် ရွှေစည်းခုံဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက် လေးမိုင်ခန့် ဝေးသော ညောင်ဦးမြို့တွင် တည်ရှိသည်။ ညောင်ဦးမြို့ဈေး၏ အနောက်ဘက်မိုင်ဝက်ခန့်အကွာ သဲစည်းခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံဘုရားဟု တွင်ခဲ့သည်။ ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ (၇၅၀) ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။ (Full article...) - Image 2အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်(ခ)NLD ပါတီ)မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် National League for Democracy - NLDဟု လူသိများသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology)မှာ လစ်ဘရယ်ဝါဒ (သို့မဟုတ်) လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။ လက်ရှိတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။ (Full article...) - Image 3ပြည်သူလူထုနှင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သက်ဆိုင်သည့် အဖြစ်အပျက် တို့ကိုသော်လည်းကောင်း ပြည်သူလူထုအား အကျိုးသက်ရောက်စေသော၊ သို့မဟုတ် အကျိုးပျက်စေသော အဖြစ်အပျက်နှင့် ဆောင်ရွက်ချက်တို့ကိုသော်လည်ကောင်း၊ ပြည်သူလူထု၏ အတွေးအခေါ် အနေအထိုင်၊ ယဉ်ကျေးမှု စသည်တို့ကို ပြုပြင်
ပြောင်းလဲစေသည့် တီထွင်မှုတို့သော်လည်ကောင်း ကျွန်ုပ်တို့ မကြာခဏ ကြားရ၊ သိရ၊ မြင်ရ၏။ ထိုအဖြစ်အပျက်နှင့် ဆောင်ရွက်ချက်တို့သည် နိုင်ငံတွင်းနှင့် သော်လည်ကောင်း နိုင်ငံနှင့်သော်လည်ကောင်း ဆက်သွယ်နေသည်ကိုလည်း တွေ့ရသည်။ ထိုသို့သော် အရေးအခင်းတို့သည် တစ်ခုနောက်တစ်ခု ဆက်၍ ဖြစ်ပျက်လျက် ရှိရာ သက်ဆိုင်ရာ နိုင်ငံသားတို့၏ ဖြစ်စဉ်များအဖြစ် တည်ရှိခဲ့လေသည်။ ကာလကြာမြင့်လာသော် ထိုဖြစ်စဉ်တို့သည် သက်ဆိုင်ရာ နိုင်ငံသမိုင်း ဖြစ်လာလေသည်။ ရှေးအခါကတည်းက မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ဖြစ်စဉ်များ ရှိလာခဲ့သည် သာမက၊ အချိန်ကာလအလျောက် မိမိတို့ အမြင်အတိုင်း မှတ်တမ်းတင်ခဲ့သူ များလည်း ရှိလေသည်။ ယင်းသို့အားဖြင့် မြန်မာရာဇဝင်ကျမ်းများ ပေါ်ထွက်လာခဲ့လေသည်။
ထိုရာဇဝင်ကျမ်းများမှာ တိုင်းသူပြည်သားတို့၏ ဖြစ်စဉ်ထက် အုပ်ချုပ်သည့်ဘုရင်တို့နှင့် ယင်းတို့၏ အသိုင်းအဝိုင်းအကြောင်းကိုသာ အဓိကထား၍ ရေးခဲ့သောကျမ်းများ ဖြစ်ကြလေသည်။ မြန်မာရာဇဝင်ကျမ်းများသည် မင်းတို့၏ ဖြစ်စဉ်များကိုပင် ဖော်ပြထားသည်ဟု ဆိုရစေကာမူ၊ တရုတ်နိုင်ငံမှအပ အခြား အိမ်နီးနားချင်း နိုင်ငံတို့နှင့်စာလျှင် မှတ်တမ်းပြည့်စုံသော ကျမ်းများ ဖြစ်ပေသည်။ ထိုကြောင့် မြန်မာနိုင်ငံအောက်ပိုင်းတွင် ဝန်ရှင်တော်မင်းကြီးဖြစ်ခဲ့သူ ဆာ အာသာဖယ်ယာ၏ မြန်မာရာဇဝင်စာအုပ် (ခရစ် ၁၈၈၃ ခုနှစ်ထုတ်)နိဒါန်း၌ ထိုအချိန်က ရှိခဲ့ပြီးဖြစ်သော မြန်မာအမျိုးသားရာဇဝင်မှတ်တမ်းများ ပြည့်စုံပုံကို အမွှမ်းတင် ဖော်ပြ၍ ဟိန္ဒူဘုရင်တို့ အုပ်စိုးသော နိုင်ငံတို့၌ အလားတူ ရာဇဝင်ကျမ်းများ မတွေ့ရပုံ၊ ယိုးဒယားနိုင်ငံ၏ ရာဇဝင်မှတ်တမ်းတို့မှာ မြန်မာရာဇဝင် မှတ်တမ်းတို့ကဲ့သို့ ပြည့်စုံခြင်း မရှိပုံ၊ အဆက်ဆက် မှတ်တမ်းတင်ခြင်း မရှိပုံတို့ကိုလည်း နှိုင်းရှည့်ဖော်ပြထားလေသည်။
တစ်ဖန် ခရစ် ၁၈၈၃ ခုနှစ်ထက် စောလျက် မြန်မာရာဇဝင်ကို အများဆုံး လေ့လာခဲ့သူ ပါမောက္ခ လပ်စင် က "မြန်မာတို့၌ ရှည်လျားသော ရာဇဝင်မှတ်တမ်းများရှိ၏။ မိမိတို့အတွက်
သာမက၊ ရခိုင်၊ ပဲခူး၊ ဇင်းမယ်၊ လဗန်နှင့်အခြားအိမ်နီးချင်း နိုင်ငံတို့၏ ရာဇဝင်များပါ ပါဝင်သည်။ ရေးသားသူတို့သည် မိမိတို့ ရာဇဝင်တွင် ဂုဏ်ယူဖွယ်၊ ချီးမွမ်းဖွယ်ကောင်းသော
ဖြစ်စဉ်များကိုသာမက ဂုဏ်သိမ်ဖွယ် အပြစ်တင်ဖွယ်ကောင်းသော ဖြစ်စဉ်များ ဖော်ပြကြသဖြင့် ထိုရာဇဝင်ကျမ်းတို့မှာ အားလုံး ခြုံ၍ကြည့်ပါက မှန်ကန်သည်ဟု ချီးမွမ်းခြင်းကို
ခံထိုက်ပေသည်" ဟူ၍ ချီးကျူးထောမနာ ပြုထားကြောင်းကိုလည်း ဆာအာသာဖယ်ယာ၏ မြန်မာ ရာဇဝင် နိဒါန်း၌ပင် ဖော်ပြထားလေသည်။ထိုမှတ်ချက်တို့သည် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ မဖြစ်မီက ရေးသားချက်များဖြစ်သည့်အပြင်၊ ထိုကျမ်းပြုပုဂ္ဂိုလ်တို့သည် ရာဇဝင်ကျမ်းပေမူ၊ ပုရပိုက်မှုတို့ကို ပြည့်စုံစွာ ရရှိလေ့လာခဲ့ရသူများ ဖြစ်လေသည်။ ထိုကြောင့် အာရှတိုက် အရှေ့တောင်ပိုင်းတွင် မြန်မာတို့သည် မိမိတို့၏ ရာဇဝင်ကို အပြည့်အစုံဆုံး ရေးသားခဲ့သူများ ဖြစ်သည်ဟု ဆိုနိုင်လေသည်။ (Full article...) - Image 4
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် မေလအတွင်း လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ကျင်းပသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ပြီး ဤသည်မှာလည်း မြန်မာ့သမိုင်းတွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခြင်းသည်လည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) မှ ၂၀၀၃ ခုနှစ်တွင် အဆိုပြုခဲ့သည့် ‘ဒီမိုကရေစီ လမ်းပြမြေပုံ’ပါ အဆင့် ၇ ဆင့်တွင် ပဉ္စမမြောက် အဆင့်ဖြစ်သည်။ ဆဋ္ဌမနှင့် သတ္တမ အဆင့်များမှာ ရွေးကောက်တင်မြောက်ခံရသူ ပြည်သူ့ကိုယ်စားလှယ်များဖြင့် သက်ဆိုင်ရာ လွှတ်တော်များ ဖွဲ့စည်းရေးနှင့် ခေတ်မှီတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးတို့ဖြစ်သည်။
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည်။ နိုင်ငံတဝှန်း မဲဆန္ဒနယ် ၁၁၅၉ ခု၌ မဲရုံပေါင်း ၄ သောင်းခန့် ရှိကာ မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် ရှိသည်။ (Full article...) - Image 5
အိမ်စောင့်အစိုးရ သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစတင်၍ ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တပ်မတော်အစိုးရအဖြစ် ဖွဲ့စည်းခဲ့ရာမှ နောက်ပိုင်းတွင် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ (Full article...) - Image 6
ဦးကျော်မိုးထွန်း (၁၉၆၉ဖွား) သည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။ ယခင်က ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။ (Full article...) - Image 7
ကုန်းဘောင်ခေတ်သည် မြန်မာတို့၏ နောက်ဆုံးကိုယ်ပိုင်အုပ်ချုပ်ရေးကို ရခဲ့သည့်ခေတ်နှင့် ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရန် အကောင်းဆုံး အခွင့်အရေးရခဲ့သည့်ခေတ်လည်း ဖြစ်ခဲ့သည်။ အောက်ပြည်အရပ်တွင် မွန်တို့ကို အောင်နိုင်ပြီး ပင်လယ်ထွက်ပေါက်ရရှိခဲ့ခြင်း၊ ရခိုင်ကိုသိမ်းပိုက်ပြီး အနောက်ဘက် မဏိပူရ အထိ အာဏာကြီးခြင်း (ထို့ကြောင့် အိန္ဒိယနှင့် ပိုမိုတိုးတက်သည့် သံတမန်ဆက်ဆံရေး ရနိုင်ရန် အခွင့်အရေးရှိခဲ့သည်။) တို့ကို ကောင်းစွာအသုံးမချနိုင်ခဲ့ဘဲ နန်းတွင်း အရှုပ်တော်ပုံများ၊ အာဏာလုပွဲများ၊ အာဏာသိမ်းပွဲများ အစရှိသည့် ပြဿနာများဖြင့်သာ လုံးပန်းအချိန်ကုန်ခဲ့ရသည့်အတွက် ထူးချွန်သည့် ပညာရှင်များ၊ မင်းညီမင်းသားများ(ကနောင်မင်းသား အပါအဝင်) ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်း လက်ထက်အရောက်တွင် အင်္ဂလိပ်တို့ ကိုလိုနီအတွင်း သိမ်းပိုက်သွတ်သွင်းခံခဲ့ရတော့သည်။
ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီး အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်းလက်ထက်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး ဧရာဝတီ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်နဝါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေညာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။ (Full article...) - Image 8
ရွှေတိဂုံ စေတီတော်သည် ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ "လေးဆူဓာတ်ပုံ ရွှေတိဂုံ" ဟုလည်း ခေါ်တွင်သည်။အချို့ကလည်း "စေတီအစ ရွှေတိဂုံက" ဟုဆိုကြသည်။ (Full article...) - Image 9
ဧရာဝတီမြစ် (အင်္ဂလိပ်: Ayeyarwaddy, Irrawaddy) သည် မြန်မာပြည်မြောက်ဖျားမှ တောင်ပိုင်းသို့ စီးဆင်းသော မြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးလည်းဖြစ်သည်။ အင်န်မိုင်ခ(မေခ)နှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်သည် အကြမ်းအားဖြင့် မြောက်မှတောင်သို့ အဖြောင့်နီးပါး သွယ်တန်းလျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှတဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ရေဆင်းဧရိယာ ၄၁၃,၀၀၀ စတုရန်းကီလိုမီတာရှိသည်။
အေဒီ (၆) ရာစုလောက်ကတည်းကပင် ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသောရေလမ်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများ တည်ဆောက်ပြီး စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း အသက်တမျှ အရေးပါနေဆဲ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါးစိုက်ပျိုးရေးတွင် နာမည်ကြီးသောဒေသ ဖြစ်သည်။ ဧရာဝတီမြစ်၏ အထူးခြားဆုံးသော အရာမှာ မြစ်ညာဘက် ပိုင်း (မြစ်အထက်ပိုင်း)တွင် ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်ခြင်း ဖြစ်သည်။ ယခုအခါ ရှားပါးသတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်ကို စောင့်ရှောက်ထိန်းသိမ်းရန် နှိုးဆော်လျက်ရှိသည်။ (Full article...) - Image 10ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် (Khakaborazi National Park) သည် ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်တွင် တည်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ အကျယ်အဝန်းမှာ ၁၄၇၂ စတုရန်းမိုင် (၃၈၁၀ စတုရန်းကီလိုမီတာ) ရှိသည်။ (Full article...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။
- Image 1နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
- Image 2ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ
နောက်ထပ် ခေါင်းစဉ်များ
|
တမ်းပလိတ်:မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် အားကစားအသင်းများ |
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း
နောက်ထပ် မုခ်ဝများ
မုခ်ဝများကို အသုံးပြု၍ ဝီကီပီးဒီးယားကို လေ့လာပါ
-
လက်ရှိဖြစ်ရပ်များ မုခ်ဝ
-
လူ့အဖွဲ့အစည်း မုခ်ဝ