မဟာဗောဓိစေတီ
သီရိဓ္ဓမာသောကမင်းကြီးတည်ထားခဲ့သော ဗုဒ္ဓဂါယာရှိ စေတီ / From Wikipedia, the free encyclopedia
မဟာဗောဓိစေတီ (Mahabodhi Temple; महाबोधि मंदिर; တစ်နည်းအားဖြင့် "Great Awakening Temple")သည် ဗုဒ္ဓဂါယာအတွင်း တည်ရှိပြီး သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာ အရပ်ကို အထိမ်းအမှတ်ပြု တည်ထားကိုးကွယ်သည့် စေတီတစ်ဆူဖြစ်သည်။ ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိသည်။ အရင်းကားပြီးလျှင် အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာ ထူးခြားကောင်းမွန်လှသည်။ စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။ အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။ မဟာဗာဓိစေတီ၏ အမိုးခုံးကို ထိုင်းနိုင်ငံ အစိုးရမှ ၂၉၀ ကီလိုဂရမ်ရှိ ရွှေပြားများ ကပ်လှူထားသည်။[1]
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ | |
---|---|
မဟာဗောဓိစေတီ | |
တည်နေရာ | ဗုဒ္ဓဂါယာ၊ ဘီဟာပြည်နယ်၊ အိန္ဒိယနိုင်ငံ |
ရွေးချယ်သည့် စံနှုန်း | ယဉ်ကျေးမှုဆိုင်ရာ: i, ii, iii, iv, vi |
ရည်ညွှန်း | 1056 |
စတင်သတ်မှတ်ခြင်း | ၂၀၀၂ (၂၆ ကြိမ်မြောက် အစည်းအဝေး) |
ဧရိယာ | ၄.၈၆ ဟက်တာ |
ကိုဩဒိနိတ် | 24°41′46″N 84°59′29″E |
မဟာဗောဓိစေတီ၏ အနောက်ဘက်ခြမ်းတွင် မဟာဗောဓိပင် တည်ရှိသည်။ ၂၀၀၂ ခုနှစ် ဇွန်လတွင် မဟာဗောဓိစေတီကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။[2]