![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/28/Ashoka%2527s_visit_to_the_Ramagrama_stupa_Sanchi_Stupa_1_Southern_gateway.jpg/640px-Ashoka%2527s_visit_to_the_Ramagrama_stupa_Sanchi_Stupa_1_Southern_gateway.jpg&w=640&q=50)
အသောကမင်း
မောရိယမင်းဆက်ဘုရင် / From Wikipedia, the free encyclopedia
BCအစားAG- after gaw ta ma ဟုသုံးပါ အးး့ါပသောကမင်းကြီး == အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီးသည် ခရစ်တော် မပေါ်မီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်ချ် ဂျီ ဝဲလ် ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။ ဗုဒ္ဓသာသနာကို လူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘဝနှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထဝီအနေအထားအရ အသောကမင်းကြီး၏ နယ်ပယ်အကျယ်အဝန်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(24 Jul 2021) |
အသောကမင်း | |
---|---|
Chakravartin[1][2] | |
![]() A c. 1st century BCE/CE relief from Sanchi, showing Ashoka on his chariot, visiting the Nagas at Ramagrama.[3] | |
3rd Mauryan emperor | |
နန်းသက် | c. 268 – c. 232 BCE[4] |
နန်းတက်ချိန် | 268 BCE[4] |
ရှေ့မင်းဆက် | Bindusara |
နောက်မင်းဆက် | Dasharatha |
မွေးဖွား | Pataliputra, modern-day Patna |
ကွယ်လွန် | 232 BCE Pataliputra, modern-day Patna |
အိမ်ထောင်ဖက် |
|
သားသမီးများ |
|
မင်းဆက် | Maurya |
ခမည်းတော် | Bindusara |
မယ်တော် | Subhadrangi (also called Dharma) |
![](http://upload.wikimedia.org/wikipedia/commons/thumb/7/75/Indian_relief_from_Amaravati%2C_Guntur._Preserved_in_Guimet_Museum.jpg/640px-Indian_relief_from_Amaravati%2C_Guntur._Preserved_in_Guimet_Museum.jpg)
အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေးဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကြပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖောက်ပေးခြင်း၊ ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ ရေကန်များလည်း တူးဖော်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအားလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ဘီစီ ၂၂၆ တွင် အသောကမင်းကြီးကွယ်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖော်ပြကြသည်။ စာရေးဆရာကြီး အိပ်ချ် ဂျီ ဝဲလ် က သူရေးသားသော (The Outline of History) ဆိုသော စာအုပ်ထဲတွင် အသောကမင်းကြီးအား ဤကဲ့သို့ ချီးကျူးပြောဆိုထားသည်။
“သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသားများ၏ အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အသောက၏အမည်နာမသည် အလေးအမြတ်အပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယသည်ပင် သူ့အဆုံးအမ ဩဝါဒများကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မှု အစဉ်အလာကိုမူ ထိန်းထားလေသည်။ ကွန်စတင်တိုင်း၊ သျှာလမိန်း ဆိုသောနာမည်များကို ကြားဖူးနားဝ ရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရ ရှိနေကြသူများ၏ ဦးရေက ယနေ့ ပို၍ပင်များပြားနေသည်။”
![](http://upload.wikimedia.org/wikipedia/commons/thumb/3/3e/Mauryan_Empire_260_BCE.png/640px-Mauryan_Empire_260_BCE.png)