နိုဘယ်ဆု
From Wikipedia, the free encyclopedia
နိုဘယ်ဆု (အင်္ဂလိပ်: Nobel Prizes; ဆွီဒင်: Nobelpriset; နော်ဝေ: Nobelprisen) သည် အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်တစ်ခု ဖြစ်ပြီး၊ ဆုအမျိုးအစားပေါင်း များစွာရှိသော်လည်း အဓိကဆုများမှာ ယဉ်ကျေးမှုဆိုင်ရာ (သို့) သိပ္ပံပညာရပ် တိုးတက်ကျယ်ပြန့်မှုများအတွက် အပ်နှင်းလေ့ရှိသည်။ လူသားမျိုးနွယ်အပေါ် အကျိုးသက်ရောက်စေရန် ဓာတုဗေဒပညာရှင်၊ တီထွင်သူတစ်ဦးနှင့် ဆွီဒင်လူမျိုးဖြစ်သည့် အဲလ်ဖရက် နိုဘယ်က "လူသားမျိုးနွယ်အတွက် အကျိုးပြုသက်ရောက်မှု ပြုနိုင်သောသူများကို ဆုချီးမြှင့်ဖို့" ဆိုပြီး သူကွယ်လွန်ခဲ့သည့် ၁၈၉၅ ခုနှစ်တွင် သေတမ်း အမှာစာချန်ခဲ့သည်။ သူကသည် ၁၈၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ပြီးနောက်၌ သူကျန်ရစ်ခဲ့သော အမွေးများကို ဆုအမျိုးအစား (၅) မျိုးဖြင့် ခွဲဝေပေးအပ်ရန် ရေးသားထားသည်။ ၎င်းဆုကို နောက်တွင် "နိုဘယ်ဆု" ဟု အမည်မှည့်ကြသည်။ ဆုအမျိုးအစားများမှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝကကမ္ဗဗေဒ (သို့) ဆေးပညာ၊ စာပေနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆုများ ဖြစ်ကြသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို နိုဘယ်ကိုယ်တိုင်က "နိုင်ငံများအကြား မိတ်သဟယရှိစေရန် ကြိုးပမ်းဆောင်ရွက်သော အကောင်းဆုံးလူ၊ စစ်သားထားရှိမှုကို လျော့ချစေသူ (သို့) ပပျောက်စေသူနှင့် ငြိမ်းချမ်းရေးစုရပ်များကို မြှင့်တင်ဆောင်ရွက်သူ" ကို ပေးအပ်ဖို့ မှာကြားခဲ့သည်။ နိုဘယ်ဆုများကို ၁၉၀၁ ခုနှစ်မှ စတင်ပေးအပ်ခဲ့သည်။[1] ၁၉၆၈ ခုနှစ်တွင် ဆွီဒင်ဗဟိုဘဏ် (Sveriges Riksbank) က နိုဘယ်ကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် စီးပွားရေးသိပ္ပံဆိုင်ရာနိုဘယ်ဆုကို စတင်ပေးအပ်ခဲ့သည်။ ယင်းဆုကို နိုဘယ်ဖောင်ဒေးရှင်က စီစဉ်ဆောင်ရွက်သည်။ နိုဘယ်ဆုများသည် လုပ်ငန်းနယ်ပယ်အလိုက် ရရှိနိုင်သော နာမည်အကြီးဆုံးဆုများအဖြစ် အသိအမှတ်ပြုကြသည်။
နိုဘယ်ဆု The Nobel Prize | |
---|---|
ဆုပေးအပ်ခြင်းအကြောင်း | ရူပဗေဒ၊ ဓာတုဗေဒ၊ ရသစာပေ၊ ငြိမ်းချမ်းရေးနှင့် ဇီဝကမ္မဗေဒ (သို့) ဆေးပညာ တို့ဖြင့် လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသောသူများ အတွက် နိုဘယ်ဆုနှင့် စီးပွားရေးသိပ္ပံ အတွက် နိုဘယ်ဆု |
ဆုတံဆိပ်ပေးအပ်သူ | ဆွီဒစ်ပညာ့တံခွန်အသင်း နိုဘယ်ဆုကော်မတီ (ဆွီဒင်တော်ဝင်သိပ္ပံ အကယ်ဒမီ) နိုဘယ်ကော်မတီ (ကာရိုလင်စကာ သိပ္ပံ) နော်ဝေနိုဘယ်ကော်မတီ |
နိုင်ငံ | ဆွီဒင်, နော်ဝေ (ငြိမ်းချမ်းရေး ဆုတစ်မျိုးသာ) |
ပထမဆုံးဆုတံဆိပ် | ၁၉၀၁ ၁၉၆၉ (စီးပွားရေးသိပ္ပံ) |
ဝက်ဘ်ဆိုဒ် | nobelprize.org |