ဘွန်ဘွန်မားကို့စ်
ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိသမ္မတ / From Wikipedia, the free encyclopedia
ဘွန်ဘွန်မားကို့စ် (အင်္ဂလိပ်: Ferdinand Romualdez Marcos Jr.)[2][3]သည် ဖိလစ်ပိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ (၁၇)ယောက်မြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၂၀၁၀ပြည့်နှစ်မှ ၂၀၁၆ခုနှစ်အထိ အထက်လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အာဏာရှင်သမ္မတဟု လူသိများသော ဖာဒီနန်မားကို့စ်နှင့် အီမယ်ဒါမားကို့စ်တို့၏ သားလည်းဖြစ်သည်။[4] ဘွန်ဘွန်မားကို့စ်၏ အမည်အပြည့်အစုံမှာ ဖာဒီနန် ရိုမျူဒတ် မားကို့စ်ဖြစ်ကာ ဘွန်ဘွန်မားကို့စ် (သို့မဟုတ်) ဘုံဘုံမားကို့စ် ဟုလူသိများကာ သမ္မတအနေဖြင့် ရည်ညွှန်းရာတွင် သမ္မတဂျူနီယာမားကို့စ်ဟုရည်ညွှန်းသည်။
H.E ဘွန်ဘွန်မားကို့စ် Bongbong Marcos | |
---|---|
တရားဝင်ပုံတူရုပ်ပုံ ၂၀၂၂ | |
ဖိလစ်ပိုင်နိုင်ငံ၏ ၁၇ယောက်မြောက် သမ္မတ | |
တာဝန်စတင် ၃၀ ဇွန် ၂၀၂၂ | |
ဒုတိယ သမ္မတ | ဆာရာ ဒူတာတေး |
ဆက်ခံခြင်း | ရော်ဒရီဂို ဒူတာတေး |
စိုက်ပျိုးရေးဝန်ကြီး | |
တာဝန်စတင် ၃၀ ဇွန် ၂၀၂၂ | |
သမ္မတ | ကိုယ်တိုင် |
ဆက်ခံခြင်း | ဝီလီယံ ဒါ |
အထက်လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၀ – ၃၀ ဇွန် ၂၀၁၆ | |
အောက်လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၀၇ – ၃၀ ဇွန် ၂၀၁၀ | |
ယခင်လူ | အင်မီး မားကို့စ် |
ဆက်ခံသူ | အီမယ်ဒါ မားကို့စ် |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၉၂ – ၃၀ ဇွန် ၁၉၉၅ | |
ယခင်လူ | Mariano Nalupta Jr. |
ဆက်ခံသူ | Simeon Valdez |
Ilocos Norteပြည်နယ် အုပ်ချုပ်ရေးမှူး | |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၉၈ – ၃၀ ဇွန် ၂၀၀၇ | |
ယခင်လူ | Rodolfo Fariñas |
ဆက်ခံသူ | Michael Marcos Keon |
တာဝန်သက်တမ်း ၂၃ မတ် ၁၉၈၃ – ၂၅ ဖေဖော်ဝါရီ ၁၉၈၆ | |
ယခင်လူ | Elizabeth Keon |
ဆက်ခံသူ | Castor Raval (OIC) |
Ilocos Norteပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး | |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၈၀ – ၂၃ မတ် ၁၉၈၃ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Ferdinand Romualdez Marcos Jr. (1957-09-13) စက်တင်ဘာ ၁၃၊ ၁၉၅၇ (အသက် ၆၆) မက်ထရိုမနီလာ |
နိုင်ငံရေးပါတီ | Partido Federal ng Pilipina(၂၀၂၁-လက်ရှိ) Nacionalista Party (၂၀၀၉-၂၀၂၁) Kilusang Bagong Lipunan (၁၉၈၀-၂၀၀၉) |
ကြင်ဖော်(များ) | Louise Araneta[1] |
သားသမီး | ၃ |
မိဘ | ဖာဒီနန် မားကို့စ် အီမယ်ဒါ မားကို့စ် |
နေထိုင်ရာ | မာလာကန်ညင်နန်းတော် |
လက်မှတ် | |
ဝက်ဘ်ဆိုဒ် | bongbongmarcos.com |
၁၉၈၀ပြည့်နှစ်တွင် Ilocos Norte ပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူး၊ ၁၉၈၃ခုနှစ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၆ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုများကြောင့် သမ္မတ ဖာဒီနန်မားကို့စ် ပြုတ်ကျပြီး မိသားစုလိုက် ဟာဝိုင်အီကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ ၁၉၈၉ခုနှစ်တွင် ဖာဒီနန်မားကို့စ် ကွယ်လွန်ခဲ့ပြီးနောက် ထိုစဉ်ကသမ္မတ ကိုရာဇွန်အကွီနိုက ၎င်း၏မိသားစုကို ပြည်ဝင်ခွင့်ပြုခဲ့ကာ အမှုပေါင်းများစွာအား ရင်ဆိုင်စေခဲ့သည်။
ဂျူနီယာမားကို့စ်သည် ၁၉၉၂ခုနှစ်မှ ၁၉၉၅ခုနှစ်အတွင်း ဖိလစ်ပိုင်အောက်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၉၈ခုနှစ်တွင် Ilocos Norte ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံရွေးချယ်ခံရပြန်သည်။ ကိုးနှစ်ကြာပြီးနောက် ၂၀၀၇ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ အောက်လွှတ်တော်အမတ်၊ ၂၀၁၀ပြည့်နှစ်မှ ၂၀၁၆ခုနှစ်အထိ အထက်လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၆ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာမှ ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ဝ.၆၄ ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။[5]
၂၀၂၁ခုနှစ်တွင် သူ့အနေဖြင့် ၂၀၂၂ ရွေးကောက်ပွဲတွင် သမ္မတနေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ ၂၀၂၂ရွေးကောက်ပွဲတွင် (၅၈.၇၇) ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် သူသည် ဒုတိယသမ္မတနေရာ ရှုံးနိမ့်ခဲ့ပြီး သမ္မတနေရာ အနိုင်ရခဲ့သော ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။